Thursday, March 3, 2016

သောတာပန်ဖြစ်ပုံလေးမျိုး

သောတာပန်ဖြစ်ပုံ (၄)မျိုး
-----------------------------

၁။ သောတာနုဂမန = ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသောပုဂ္ဂိုလ်။

၂။ ဝစသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသောပုဂ္ဂိုလ်။

၃။ မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသောပုဂ္ဂိုလ်။

၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီး ရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ-

၁။ နတ်ပြည်ရောက်တာနဲ့ ချက်ချင်း သောတပန် တည်ပါတယ်။

(သို့)

၂။ အရှင်မဟာမောဂ္ဂလာန် မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။

(သို့)

၃။ ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါး ဟောတဲ့တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။

(သို့)

၎။ လူ့ဘဝက တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

No comments:

Post a Comment