... မင်္ဂလာ ညနေခင်းပါ ...
. <©>`ဆုတောင်းတိုင်း မရနိုင်´<©>
============================
ဆုတောင်းလို့ ရတာ ရှိတယ်၊ မရတာ ရှိတယ်။
ဆုတောင်းလို့ ရတယ်ဆိုတာက ... ဥပမာ ...
မိမိက သမ္မာသမ္ဗောဓိ ဆုတောင်းထားရင် အဲ့ဒီ
ဆုနဲ့ လျော်ကန်တဲ့အလုပ်တွေကို လုပ်ရလိမ့်မယ်။
ဒီလို လုပ်မှလည်း တောင်းတဲ့ဆုအတိုင်း ရမယ်။
ဆုတော့တောင်းပါရဲ့ ၊ ဆုတောင်းပြီး အပါယ်
ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ် ဒုစရိုက်တွေ
လျှောက်လုပ်နေရင် မရနိုင်ဘူး။
`ပါးစပ်က ဘုရားတရားလက်က ကားရား ကားရား´
ဆိုတာမျိုးလို မဖြစ်ကြစေနဲ့ ။ နိဗ္ဗာန်ရောက်ရာ
ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ပါရမီတွေကို ..
ဖြည့်ကျင့်ကြ ၊ ဆည်းပူးကြ ၊ အားထုတ်ကြ ပါ။
´´´´´´´´´´´´´´´´´´´´´´´´´´´´´
{ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး }
No comments:
Post a Comment