Friday, March 4, 2016
တိုက်ဆိုင်မှူ့လို့များထင်နေလား
တိုက်ဆိုင်မှူ့ လို့ များ ထင်နေကြလား
-------------------------------------
ဘုရားတဆူတဆူပေါ်ထွက်ဖို့ 
လေးသင်္ချေ ကမ္ဘာတသိန်း
ရှစ်သင်္ချေ ကမ္ဘာတသိန်း
ဆယ့်ခြောက်သင်္ချေ ကမ္ဘာတသိန်း ဆိုပြီး
ပညာဓိကဘုရား သဒ္ဒါဓိကဘုရား
ဝိရိယဓိက ဘုရားဆိုကာ
ဘုရားအမျိုးအစားအပေါ် လိုက်ပြီး
ကွာခြားပါတယ်
တစ်သင်္ချေဆိုတာ ကိန်းဂဏန်းတွေများ
တစ်သင်္ချေကိုတစ်နောက်မှာ သုည
အလုံးပေါင်း ၁၄၀ ရှိပါတယ် လေးသင်္ချေ ဆိုတော့ တွက်ကြည့်ပေါ့
ဘယ်လောက်ကြာသလဲ
ကမ္ဘာတသိန်းကိုခဏထားဦး
တကမ္ဘာသက်တမ်းပဲ တွက်ကြည့်
အလျှား ၁၃ မိုင် အနံ ၁၃ မိုင်ရှိတဲ့
ကျောက်တောင်ကြီးကို နှစ်တရာကြာရင်
နူးညံ့တဲ့ဝါဂွမ်းလေးနဲ့ တခါပွတ်
နောင်နှစ်တရာကြာရင် တခါပွတ်
အဲဒီတောင်ကြီးသာ ပါးပြီးကုန်သွားမယ်
တကမ္ဘာရဲ့အသက်တမ်းက မကုန်သေး
ဘူးတဲ့
အဲဒီလိုမျိုးကမ္ဘာပေါင်းက တသိန်း
ကဲ လေးသင်္ချေကမ္ဘာတသိန်းဆိုတော့
ဘယ်လောက်ကြာမလဲ မှန်းကြည့်
ဒါ့ကြောင့် ဗုဒ္ဓက ငါ ဘုရားဖြစ်ဖို့  လှူ  ခဲ့တဲ့
အသွေးတော်ဟာ သမုဒ္ဒရာလေးစင်းထဲက
ရေထက်များတယ်တဲ့  မျက်လုံးတော်တွေ
က ကောင်းကင်ကကြယ်တာရာထက်
များတယ်တဲ့
လေးသင်္ချေ ကမ္ဘာတသိန်းကြာမှတော့
ဖြစ်နိုင်တာပေါ့
အဲဒီလောက်ကြာမှ တခါကြုံ တွေ့ ခွင့်
ရတဲ့ သာသနာတော်ကြီး ပါ
အဓိကပြောချင်တာက
ဘုရားရှင် မရှိခဲ့တာ နှစ်ပေါင်း ၂၅၀၀
ကျော်လွန်ခဲ့ပေမဲ့
သူ့ တရားတော်တွေဟာ
မြန်မာနိုင်ငံမှာ ဘာ့ကြောင့်
အထင်အရှား အကုန်အစင် ရှိနေသလဲ
သူ့ ရဲ့ဆံတော်ဟာ မြန်မာနိုင်ငံထဲက
ရွှေတိဂုံဘုရားကြီးထဲမှာ ဘာ့ကြောင့်
ကိန်းဝပ် စံပါယ်တော် မူနေရတာလည်း
ဘုရားရှင်ရဲ့တရားတော်တွေကို
အာဂုံဆောင်ထားတဲ့ ရဟန်းသံဃာတော်
တွေနဲ့  သင်ယူနေတဲ့ ရဟန်းသံဃာတော်
တွေဟာ ၆ သိန်းကျော်တောင်ရှိတယ်
ဘုရားရှင်နဲ့ 
မြန်မာလူမျိုးတွေရဲ့
အတိတ်အကြောင်းတရားဟာ
တိုက်ဆိုင်မှူ့ လို့ များ
ထင်နေကြလား
အကြောင်းအကျိုးဆက်နွယ်မှူ့ 
တခုခု ရှိတယ်လို့  မထင်မိကြဘူး လား
အကျိုးဆိုတာ
အကြောင်းကြောင်သာဖြစ်ပေါ်လာတာပါ
ယုံကြည်လို့  အပ်နှံခဲ့တဲ့
ဘုရားရှင်ရဲ့ သာသနာတော်ကို
ကျွန်တော်တို့ က မသိမသာ ဖာသိဖာသာ
နေမယ်ဆိုရင် သင့်တော်ပါ့မလား
တကယ်တော့
အဖေက သားသမီးကို
ယုံကြည်ခဲ့လို့  အပ်နှံခဲ့တဲ့ ကိစ္စတစ်ခုကို
တာဝန်မယူသင့်ဘူးလား
သူ့ မွေးဖွားရာ ကြီးပြင်းရာ ဒေသမှာတောင် သူမအပ်နှံပဲနဲ့ 
မြန်မာတွေကို အားကိုးပြီး
အပ်နှံခဲ့တာဟာ
ဗုဒ္ဓနဲ့  မြန်မာလူမျိုးတွေရဲ့
ကြီးကျယ်တဲံ ပါတ်သတ်ဆက်နွယ်မှူ့ 
ရှိလို့ ပဲပေါ့
ဒါဟာ
တိုက်ဆိုင်မှူ့ မဟုတ်ပါဘူး ဗျာ
ဗုဒ္ဓနဲ့  မြန်မာဆိုတာ
တသွေးတည်းပါ တသားတည်းပါ လို့ 
ပြောပါရစေတော့
တာဝန်ဆိုတာ
ယူတက်သူမှာပဲရှိတာပါ
အနည်းဆုံးတော့
သင်ယူပါ
မသင်ယူနိုင်ရင်
ဖြန့် ဝေပါ
မဖြန့် ဝေနိုင်ရင်
ကျင့်သုံးပါ
တခုခုတော့
ဖြစ်အောင်လုပ်ကြပါ လို့
Credit>>>>> ရာဟုလာ
No comments:
Post a Comment