Thursday, January 21, 2016

အဆင့်အတန်း

အဆင့်အတန်း

လူတစ်ယောက်ရဲ့အဆင့်.အတန်းကို
သူ့နှစ်လုံးသားထဲမှာရှိတဲ့ တရားဓမ္မအဆင့်အတန်းနဲ့ပဲ တိုင်းတာသတ်မှတ်ဆုံးဖြတ်ရပါတယ်...။

စီးပွား.ဥစ္စာ၊ ရာထူး.အာဏာ၊ရုပ်ဆင်း.ပညာ..
အဆင့်အတန်းတွေနဲ့
တိုင်းတာသတ်မှတ်ဆုံးဖြတ်လို့မရပါဘူး...။

အဆင့်..အတန်း အစစ်ဟာ တရားဓမ္မပါပဲ..
တရားဓမ္မနည်းရင်..ချို့တဲ့ရင် အဆင့်အတန်းနိမ့်မယ်....
တရားဓမ္မများရင် ပြည့်စုံရင် အဆင့်အတန်းမြင့်ပါတယ်...
တရားဓမ္မလုံးဝမရှိရင်တော့ အဆင့်အတန်းလုံးဝမရှိတော့ပါဘူး.....

ရွှေပါရမီတောရ ဆရာတော်
[အလင်းစေတမန်...စာအုပ်မှ]

http://mrcopy2110.blogspot.com

No comments:

Post a Comment