ညီမလေးရေ...
★ ❖ ❤
.
ထက်မြက်တဲ့မိန်းမ ဆိုတာ ....
- - - - - - - - - - - - - - - - - -- --
ကိုယ့်ဒူးကိုယ်ချွန်ပြီး
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့
အမှီခိုကင်းတဲ့ မိန်းမကိုခေါ်တယ်....
.
လောကမှာ...
.
သူများတွေ အားကျရအောင် လှလှပပနဲ့
ဘဝကို အမှီခိုကင်းစွာ ရှင်သန်နိုင်ခြင်း
အတတ်ဟာ မိန်းမတယောက်ရဲ့
တကယ့်အရည်အချင်းဖြစ်တယ်...
.
★ သူများကို တွယ်မှီပြီးနေချင်တဲ့
အမှီအတွယ်ရှိမှ နေလို့ရတဲ့ဘဝကို
ကြိုက်တဲ့ မိန်းကလေးဟာ
နွယ်ပင်နဲ့တူပါတယ်....
.
★ အသိပညာတွေ ဘယ်လောက်ဘဲရှိရှိ
စာရိတ္တမကောင်းတဲ့ မိန်းကလေးဟာ
လောက်ကိုက်ပိုးထိုးနေတဲ့ ပန်းသီးတလုံးနဲ့တူပါတယ်....
.
တကယ်တော့....
ညီမလေးရေ ...
.
❖ ဆင်းရဲတာဟာရှက်စရာမဟုတ်!!
ကိုယ့်အား ကိုယ် မကိုးတာဟာ ရှက်စရာပါ...
.
❖ အလုပ်မရှိတာဟာ ကြောက်စရာမဟုတ်!!
အလုပ်မရှိလို့ သူများဆီက ကျလာမဲ့ဟာကို
မျှော်ကိုးတတ်တဲ့ စိတ်ထားကသာ ကြောက်စရာပါ...
.
❤ သူများအိတ်ထဲက ငွေတစ်ရာထက်
ကိုယ့်လုပ်အားနဲ့ ရတဲ့ငွေတကျပ်ကို
မြတ်နိုးတန်ဖိုးထားတတ်ပြီး...,
.
❤ သူများကို အားမကိုးတတ်တဲ့ မိန်းကလေးဟာ
ကမ္ဘာမှာရှိတဲ့ မိန်းကလေးအားလုံးထက်
အလှဆုံးဖြစ်တယ်ဆိုတာ
ညီမလေးမှတ်ထားပေးပါ...
.
mrcopy2110.blogspot.com
.
credit>>Nannan Oo
Labels
- http://mrcopy2110.blogspot.com (2)
- ကဗျာ (1)
- ကျန်းမာရေး ဗဟုသုတ (8)
- ကျန်းမာရေးဗဟုသုတ (1)
- ဗဟုသုတ စာပေ (95)
Monday, January 18, 2016
ညီမလေးသို့
Labels:
ဗဟုသုတ စာပေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment