ရှက်တက်မယ်ဆိုလျှင်
-------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ စင်္ကြာဝတေးမင်းစည်းဇိမ်
ကိုစွန့် လွတ်ခဲ့ရတာ
မင်းသားတပါးဆိုရင် မရှိဆိုတဲ့ စကားတောင်မကြား
ဘူး ဘူးတဲ့ ခြေဖဝါး လက်ဖဝါးမှာတောင် အမွေးပေါက်တဲ့အထိ
နူးညံ့သိမ်မွေ့ ပါတယ်တဲ့  သူလည်း အဲဒီလောက်
ပြည့်စုံပါလျှက်စည်းဇိမ်တွေကိုစွန့် ပြီး
တရားပဲရှာခဲ့တာ
ဒီနေ့ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးတွေဟာ
တစ်ဘီလျံကို သန်းတစ်ထောင်နုန်းစံနဲ့ တိုင်းပြီး
ဘယ်လောက်ချမ်းသာတယ်ဆိုတာ တွက်လို့ 
ရပါတယ် ဘုရားရှင်လက်ထပ်က ဇောတိက
အစရှိတဲ့ သူဋ္ဌေးကြီး လေးဦးရဲ့စည်းဇိမ်ဟာ
ဘယ်လောက်ချမ်းသာတယ်ဆိုတာကို ကိန်းဂဏန်းနဲ့ 
တွက်လို့ မရပါဘူးတဲ့ သူတို့ တွေလည်း
စည်းဇိမ်တွေ စွန့် ပြီး တရားပဲရှာခဲ့တာ
ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ အဂ္ဂသာဝက
မဟာသာဝက ကြီးတွေဟာလည်း တကယ်တော့
သန်းကြွယ်သူဋ္ဌေး ဘီလျံနာကြီးတွေပါပဲ
သူတို့ လည်း စွန့် ပြီး တရားပဲရှာခဲ့တာပါပဲ
သူတို့ က ဘုရားလက်ထပ်ကမို့  ပါလို
့ဆင်ခြေပေးမလို့ လား
မော်လမြိုင်ဖားအောက်တို့  မဟာစည်ရိပ်သာတို့ က
နိုင်ငံခြားသားတွေကို သွားရောက်ပြီးလေ့လာ
ကြည့်လိုက်ပါ ဒေါ်လာတစ်သိန်းစွန့် လွတ်သူတွေ
သိပ္ပံပညာရှင်ကြီးတွေ ပရော်ဖတ်ဆာတွေ
ဘီလျံနာကြီးတွေ စစ်ဗိုလ်ချုပ်တွေ ကမ္ဘာကျော်သူတွေ
ယုတ်ဆွအဆုံး မြန်မာအစိုးရခွင့်ပြုလျှင်
ရှိသမျှ ရာထူးတွေ ဆွေမျိုးသားချင်းတွေဆီကိုတောင်
မပြန်တော့ပဲ တသက်လုံးရဟန်းဝတ်နဲ့ သာ
နေချင်ပါတယ်ဆိုသူတွေကလည်း အများကြီးပါပဲ
မယုံကြည်လျှင် ကိုယ်တိုင်လေ့လာကြည့်နိုင်ပါသည်
ကျွန်ုပ်က လေ့လာပြီးရေးခြင်းဖြစ်ပါသည်
သြော် ကျွန်တော်တို့ တတွေသာ
ရှက်တက်ခဲ့မယ်ဆိုရင်------------
share
http://mrcopy2110.blogspot.com
Posted via Blogaway
No comments:
Post a Comment