Monday, January 18, 2016
လှူနည်းမှားနေကြတာ
လှူနည်းမှားနေကြတာ
-------------------
လူအများစုဟာ စီးပွားရေးကိုတော့ ဘုရားမေ့
တရားမေ့နဲ့ ရှာနေကြတယ် ပြီးတော့မှ တနှစ်တခါလောက်ကို
ငွေများများအကုန်အကျခံကာ အလှုကြီးအတန်းကြီး
ပေးတယ်ဆိုပြီ လှူကြတော့တာပဲ ဂုဏ်ပကာသနတွေ
ခြံရံလို့  ပြုံးလို့  ပျော်လို့  ပြီးတော့ ငါ့အလှူက
ဘာပါတယ် ညာပါတယ် ဘယ်လောက်ကုန်တယ်
ဆိုပြီးတော့တောင် ကြွားဝါလိုက်သေးတယ်
တောအရပ်ဒေသကအလှူများဆို တနှစ်လုံး
ပင်ပင်ပမ်းပမ်းရှာ သားသမီးတွေအလှူလုပ်
ဝက်သားအချိန်ဘယ်လောက်ဆိုပြီး မလှူခင်
ကတည်းကကြိုဝယ်ထား ပြီးတော့ ဘုရား
ကျောင်းဝင်းထဲမှာ ဇာတ်ပွဲတို့ ဆိုင်းဝိုင်းတို့ ထည့်
လူတွေက ဘုရားပုရဝိုဏ်းထဲတွင် ချီးပါ သေးပါ
အလှူပြီးတော့ သံဃာတော်တွေကရှင်းရတယ်
လူတွေနဲ့ တောအရပ်နေတဲ့ အသိဥာဏ်နည်းပါးတဲ့
လူတွေရဲ့ လှူလို့ ရတာကနည်းနည်း အကုသိုလ်ကများများ
ရစေတဲ့အလှူတွေပါ အလှူကလည်းတနှစ်မှာ
တခါလောက်ပဲလုပ်ဖြစ်တယ် ရလာတော့လည်း
အကုသိုလ်ကများတယ်
တကယ်တော့ ကုသိုလ်ရဖို့ ဆိုတာ အဲဒီလို
ငွေကုန်ခံပြီးမှ ရတာမျိုးမဟုတ်ပါဘူး ငွေကုန်ခံမှ
ကုသိုလ်ရမယ်ဆို လူတန်းစားခွဲခြားသလိုဖြစ်ပြီး
ဆင်းရဲသားတွေက အားငယ်နေမှာပေါ့
အဲဒီလိုမဟုတ်ပါဘူး ကုသိုလ်ဆိုတာ ယူတက်ဖို့ ပဲ
လိုတာပါ အကျိုးပေးကလည်း ငွေအနည်းအများပေါ်
မူတည်တာမဟုတ်ပါဘူး သဒ္ဒါအနည်းအများပေါ်
မူတည်တာပါ
ယူတက်မယ်ဆိုရင်
နံက်မိုးလင်းနိုးတဲ့အချိန်ကစလို့ ကိုယ်လက်သန် စင်
ပြီရင် ဘုရားရှင်ဝေယျာဝစ္စမျက်နှာသစ်တော်ရေကပ်
သောက်တော်ရေကပ် အမွေးနံ့ သာကပ်
အရုဏ်ဆွမ်းကပ် သီလယူ ရွတ်ဖတ်သရဇ္ဈယ် ဘာဝနာပွား
ဒါက နံက်စောစောကုသိုလ်ယူပုံ
နံက်မိုးလင်းတာနဲ့ ဘုရားရှင်ကိုနေ့ ဆွမ်းကပ်ဖို့ နဲ့ 
သံဃာတော်တွေကို နေ့ ဆွမ်းလောင်းဖို့ ဆိုတဲ့
ရည်ရွယ်ချက်နဲ့  ဈေးသွား(အဲဒီလိုနှလုံးသွင်းပြီး
ဈေးဝယ် ချက်ပြုတ်ရင်ကုသိုလ်အများကြီးရနိုင်)
ချက်ပြုတ် ဆွမ်းလောက်း ဘုရားရှင်ကို နေ့ ဆွမ်းကပ်
မိမိလုပ်နိုင်တဲ့ ပရိတ်ပဋ္ဌာန်းနဲ့ ဆွမ်းကပ်နေတုန်း
ဘုရားရှင်ကိုပူဇော် ဒါက ဆွမ်းကုသိုလ်ယူပုံ
နေ့ ခင်းဘက် ပူတဲ့အခါ  ငါတောင်ရေခဏခဏ
သောက်တာ ဘုရားရှင်လည်းရေဆာမှာပဲဆိုတဲ့
အယူအဆလေးနဲ့ ကိုယ်ရေသောက်တိုင်း
ဘုရားရှင်ကိုပါကပ် ဒါက ကြံဖန်ယူရတဲ့ကုသိုလ်
ညနေခင်း ကျရင် ငါတို့ က ညနေစာစားရတယ်
ဘုရားရှင်နဲ့ သံဃာတော်တွေကမစားရဘူး
ညနေဖ်ေရည်တခုခုကို ကြံဖန်ပြီးကပ်(သံပရာသီး
တစ်ရာဖိုးဆိုလျှင် အလုပ်ဖြစ်သည် ) ငွေကုန်မှမဟုတ်
မိုးချုပ်တာနဲ့ ကိုယ်တောင်မီးလင်းမှနေတက်တာ
ဘုရားရှင်လည်းမီးပူဇော်မှသင့်တော်မယ်လို့ 
နှလုံးသွင်းပြီး မီးပူဇော် အမွေးနံ့ သာပူဇော်
သောက်တော်ရေကပ် ရွတ်ဖတ်သရဇ္ဈယ်
ဘာဝနာပွား ပြီးရင်တရားအမှတ်ကလေးနဲ့ အိပ်
မှတ်ချက်
ဘုရားရှင်ဟာ အိပ်ယာဝင်တိုင်းခြေဆေးသည့်အတွက်
ညအိပ်ယာဝင်ခါနီးလျှင်ခြေဆေးတော်ရေပါ
ကပ်နိုင်သည် 
တနေ့  သောက်တော်ရေ အခါတစ်ရာကပ်လျှင်
ကုသိုလ်အခါတစ်ရာရသည်
ကဲ ပိုက်ဆံဘယ်လောက်ကုန်သလဲ
ဘာအကုသိုလ်ပါသလဲ
တကယ်တော့
ကုသိုလ်ဆိုတာ
ယူတက်ဖို့ သာအဓိကပါ
share
http://mrcopy2110.blogspot.com
No comments:
Post a Comment