ပါးစပ်နောက်မှာ ဘဝတွေပါ ပါတယ်
--------------------------------------
ရဟန္တာထေရီမကြီး နှစ်ပါးထိုင်နေတဲ့အချိန်မှာ တပါးကမေးတယ် အသက်ကလည်းငယ်တယ် အရွယ်ကလည်းရှိပါရဲ့နဲ့  ဘာ့ကြောင့်အိမ်ထောင် မပြု တာလည်းဆိုတော့ တပါးက သူ့ ဇာတ်ကြောင်းကို ပြောပြတယ်
သူမဟာ ဘဝတခုမှာ ကုန်သည်တရောက်နဲ့  လက်ထပ်ခဲ့တယ် ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာ်းကကုန်ကူးသွားတော့ သူ့ မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ် ယောက္ခမတွေက သူ့ သားနဲ့ ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်လို့ ဗိုက်တလုံးနဲ့ ထွက်သွားခဲ့ရတယ် ဇရပ်တခုရောက်တော့ဗိုက်နာပြီးခလေးမွေးတယ် ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတရောက်က စွန့် ပစ်ထားတဲ့ခလေးဆိုပြီး ယူသွားတယ် ဒီလိုနဲ့ စိတ်လေပြီးလျှောက်သွားနေတုန်း ဓားပြဗိုလ်ကြီးကတွေ့ ပြီး ပေါင်းသင်းခဲ့ပြန်တယ် မိန်းခလေးတရောက်မွေးတယ် တနေ့ ခလေး ပုခတ်ထဲကပြုတ်ကျလို့ ခေါင်းမှာ ဒဏ်ရာရလို့  ယောက်ျားကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်
အဲဒီလိုနဲ့ တယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွား နေတုန်းကုန်သည်လေးတရောက်နဲ့ တွေ့ ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ် အဲဒီကုန်သည် ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာပဲ တနေ့ မှာ ကုန်သည်လေးက မိန်းမငယ်ငယ်လေး တရောက်ကိုခေါ်လာပြန်လို့  နှစ်ရောက်ပေါင်းရ ပြန်တယ်
တနေ့ တော့ မယားအငယ်လေးကိုသန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့ တော့ သူ့ သမီးဒဏ်ရာနဲ့  တူလိုက်တာလို့ တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ့်ကို သူ ပစ်ထားခဲ့တဲ့ သမီးဖြစ်နေတယ်
သားအမိနှစ်ယောက် ယူကြုံးမရဖြစ်ပြီး ငိုနေတဲ့
အချိန်မှာ သူတို့ ယျောက်ကျားကို အဖြစ်မှန်ပြောခဲ့တယ် အဲဒီမှာ သူ့ ယျေက်ျားကလည်း အံ့သြပြီး သူ့ မယားကြီး
အကြောင်းသိလိုက်ရတော့ အဲဒီယျောက်ျားကပါ
ဇရပ်အပေါ်မှာ သူစွန့် ပစ်ခဲ့တဲ့ သူ့ ရဲ့သားဖြစ်နေတာကို သိလိုက်ရပြန်တယ်
အဲဒီသုံးဦးလုံးဟာ သံဝေဂဥာဏ်တွေ ရ ရှိကြပြီး
ကောင်းမှု့ကုသိုလ်တွေကို တက်စွမ်းသမျှ ပြုလုပ်
ကြတယ်
အဲဒီလိုဘာ့ကြောင့်ဖြစ်တာလည်း ဆိုတော့
အတိတ်ဘဝတုန်းက
မအေနဲ့ တပ်ပြီး ဆဲဆိုခဲ့တဲ့ အကုသိုလ်က
အကျိုးပေးခဲ့လို့  ဘဝတခုမှာ သားအမိသုံးယောက် လင်မယားအဖြစ် ပြန်လည်ပြီး ပေးဆပ်ကြရတာဖြစ်ပါတယ်
ဗု ဒ္ဓကလည်း
ပါးစပ်က ထွက်တဲ့ စကားလုံးတိုင်းဟာ
အကျိုးမခံစားပဲ ပျောက်ပျက်မသွားဘူး လို့ 
ဟောထားပါတယ်
ဓမ္မမိတ်ဆွေများ
ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ
No comments:
Post a Comment