“ဒေါသထွက်တယ် ” ဆိုတာ
သူတစ်ပါး ရဲ့ အမှားနဲ့ ကိုယ့်ကိုကိုယ်လာ
အပြစ်ပေးတာ။
“စိတ်ညစ်တယ်” ဆိုတာ
ကိုယ့်ရဲ့ အမှားနဲပဲ ကိုယ့်ကို ကိုယ်လာ
အပြစ်ပေးနေတာ။
“ပြီးမှဝမ်းနည်းနေတယ် ” ဆိုတာ
ပြီးခဲ့တဲ့ ကိစ္စ ဖြေရှင်းလိုမရနိုင်တော့တဲ့ ကိစ္စနဲ့
ကိုယ့်ကိုယ်လာ ခံစားရအောင်လုပ်နေတာ။
“စိုးရိမ်နေတယ် ” ဆိုတာ
ကိုယ့်ဖာသာစိတ်ကူးယဉ်ယူတဲ့ဘေးဒုက္ခနဲ့
ကိုယ့်ကိုကိုယ်လာခြောက်လှန့်နေတာ။
“အထီးကျန်ဆန်တယ် ” ဆိုတာ
ကိုယ့်ဖာသာတွေးယူတဲ့ ထောင်နဲ့
ကိုယ့် ကို ယ်ကို အကျည်းချနေတာ။
“အားနည်းချက်ကြီးရှိနေတယ် ” ဆိုတာ
တစ်ပါးသူရဲ့ သာလွန်နေတဲ့အရာနဲ့
ကိုယ့်ကိုကိုယ် လာနှိပ်စက်နေတာ။
အဲ့ဒီအရာတွေ အားလုံးဟာ...
သတိရှိအောင်လေ့ကျင့်ပြီး
ကိုယ့်စိတ် ရဲ့အလိုနောက်ကို မမျောပါပဲ
ကိုယ်သိနေရင် ကိလေသာနောက်ကို
မမျောပါနေရင် ..
ဒီမျှလောက်နဲ့ပဲ စိတ်သောက
မရောက်နိုင်တော့ပါဘူး။
..................
..ကျွန်တော်ပြောတာ မယုံလိုက်ပါနဲ့ အုန်း
စမ်းလေးကျင့်ကြည့်ပါ။ကိုယ့်ဖာသာ ကိုယ်
အမှန်တရား ကို သိလာရမှာပါ။
+++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ။
သင်သိရင် သင်ချမ်းသာလိမ့်မယ် ။
ဗဟုသုတ စာပေ
mrcopy2110.blogspot.com
Posted via Blogaway
No comments:
Post a Comment