လိုချင်ရင်...ပေးပါ
*******
ဘ၀မှာ၊ လောကမှာကိုယ်လိုချင်တာတစ်ခုရဖို့အတွက်
တစ်ခုတော့ပေးရတယ်ဆိုတာဘယ်တော့မှ လက်မခံလို့မရတဲ့
အမှန်တရား တစ်ခုပါ။ ချစ်ခြင်း မေတ္တာရဖို့အတွက်ကိုယ့်ဆီက
ချစ်ခြင်းမေတ္တာကိုပေးရသလို၊ ကိုယ်ရဲ့ လိုချင်မှုတစ်ခုအတွက်
ထိုက်တန်တဲ့အရာတစ်ခုကိုတော့ပေးကြရမှာပါ။လူအများရဲ့
ချစ်ခင်မှုကိုလိုချင်ပေမယ့် ကိုယ့်ဆီမှာလူအများကိုချစ်ခင်တဲ့
စိတ်လေးထားဖို့တောင်ဝန်လေးနေမယ်ဆိုရင်ဘယ်တော့မှ
အဲဒီချစ်ခင်မှုကို ရမှာ မဟုတ်ပါဘူး။ အပြန်အလှန်ဆိုတဲ့
သဘောပါပဲ။ စစ်မှန်တဲ့ကြင်နာမှုကိုရရှိဖို့ကိုယ့်ဆီကစစ်မှန်တဲ့
ကြင်နာမှုကိုအရင်ဆုံးပေးပါ။ တူညီတဲ့တုန့်ပြန်မှုကို ရရှိမှာ
ဖြစ်ပါတယ်။ ကိုယ့်ကိုအများတကာကမုန်းနေတယ်ဆိုရင်
ကိုယ်ကအဲဒီအများကိုမုန်းနေလို့ဖြစ်မှာပါလို့ယုံကြည်ပါတယ်။
ကိုယ့်ကိုအများတကာကမုန်းနေတယ်ဆိုပေမယ့်သူတို့ကို
ပြန်မမုန်းဘဲ မေတ္တာထားမယ်ဆိုရင်တစ်ချိန်မှာကိုယ့်ကို
ပြန်လည်မေတ္တာထား လာလိမ့်မယ်လို့ကျွန်တော်ကတော့
ယုံကြည်ပါတယ်။ ခက်ခဲမယ်၊ စိတ်မရှည်စရာဆိုပေမယ့်
ကိုယ်လိုချင်တဲ့အရာအတွက်ပေးသင့်တယ်လို့ထင်ပါတယ်။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ
ကျွန်တော်မပြောလည်း သိပြီးသား ဖြစ်မယ်လို့ယုံကြည်ပါတယ်။
လောကကြီးထဲမှာစစ်မှန်တဲ့ကြင်နာမှုထက်အမုန်း
အာဃာတတွေ၊ မာနတွေ၊ မောဟတွေနဲ့တစ်ဦးနဲ့ တစ်ဦး
ထိုးနှက်မှုတွေကပိုများနေပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက်
စစ်မှန်တဲ့ကြင်နာမှုမေတ္တာတွေအများအပြားလိုအပ်ပါတယ်။
ဒါကြောင့်အများနဲ့တစ်ယောက်ဆိုပေမယ့်လည်းကိုယ်လိုချင်တဲ့
စစ်မှန်တဲ့ကြင်နာမှုရရှိဖို့အတွက်စစ်မှန်တဲ့ကြင်နာမှုများ
ပေးနိုင်ပါစေလို့တောင်းဆုပြုရင်း . . .
Posted via Blogaway
No comments:
Post a Comment