######################
တချိန်က အိပ်ပါလူကလေးလို့
တေးဆိုလို့ ချော့သိပ်ခဲ့ဖူးတဲ့
အမေ့ရဲ့ ကြင်နာယုယမှုတွေ
အခုချိန်မှာ မျှော်မှန်းရင်း .......
အဝေးတနေရာက လွမ်းမိတယ်..အမေ
နွေးထွေးတဲ့ အမေရင်ခွင်မှာ
အေးချမ်းစွာ အိပ်စက်ခဲ့တဲ့ နေ့ရက်တွေ.......
အမေ စေတနာအပြည့်နဲ့
ခွံ့ကျွေးခဲ့တဲ့ ထမင်းလုပ်လေးတွေ
အမေ သွန်သင်ဆုံးမဖူးတဲ့
မေတ္တာစကားသံတွေ.....
အရာအားလုံးက သားရဲ့
အဝေးဆုံး တနေရာမှာကျန်နေခဲ့ပြီလေ
ဘယ်နေရာဘယ်ဒေသ ရောက်ရောက်
ကျနော်ဟာ အမေရဲ့ သားပါ အမေ
အမေ့ ရဲ့ဆုံးမစကားသံတွေနဲ့
ရှင်သန်ရင်း လောကလမ်းပေါ်မှာ
အမှားကင်းအောင် ကြိုးစား
လျှောက်လှမ်းနေခဲ့ရပြီ အမေ.....
နွေးထွေးတဲ့ အမေရင်ခွင်ရိပ်နဲ့
ဝေးနေရပေမယ့်...
အမေ မေတ္တာတွေနဲ့ ခြုံလွှမ်းထားတဲ့
အမေ ကို ချစ်တဲ့ သား
အလွမ်းများစွာနဲ့ မွေးမေကို ရည်မှန်းရင်း
ဦးခိုက်လို့ ကန်တော့ပါတယ်...
မွေးမေမေ....ကျန်းမာပါစေ......
No comments:
Post a Comment