Sunday, January 17, 2016

အကောင်းဆုံးဆိုတာ တခုပဲရှိတယ်

အကောင်းဆုံးဆိုတာ တခုပဲရှိတယ်
-----------------------------------

ဘာသာတရားအချင်းချင်းနှိုင်းယှဉ်ရေး
သားတော့ ပုတ်ခတ်တာလားတဲ့
ပုတ်ခတ်တာမဟုတ်ဘူး
အတုနဲ့ အစစ်ခွဲခြားတက်ဖို့ ရေးသားတာ

ဘုရားအချင်းချင်းပြိုင်စရာမလိုဘူး တဲ့
ဘုရားအချင်းချင်းပြိုင်တာမဟုတ်ဘူး
အယူဝါဒ အချင်းချင်းပြိုင်တာ
ဘုရားရှင်လက်ထပ်ကလည်း ဘုရားရှင်ရဲ့
တပည့်သားတွေနဲ့  ကိုယ့်ကိုယ်ကိုယ် ဘုရားအမည်ခံထားတဲ့ ဆရာကြီးတွေရဲ့
တပည့်သားအချင်းချင်းလည်း ကိုယ့်အယူ
သူ့ အယူ ဆွေးနွေးကြတာပဲ

အဲလိုမဆွေးနွေးရင် အတုအစစ်ဘယ်လို
ပေါ်လွင်မလဲ

အနာထပိဏ်သူဋ္ဌေးကြီးဟာ ဘုရားရှင်ဆီ
လာတော့ လမ်းမှာ သိဉ္စည်းဆရာကြီးတွေ
ရဲ့ကျောင်းကို ဝင်ပြီးအယူဝါဒပြိုင်တယ်
အဲဒီအကြောင်းဘုရားရှင်ဆီကိုရောက်တော့လျှောက်တဲ့အခါ ဘုရားရှင်က ချစ်သား
တို့  သာသနာတော်ပြန့် ပွားဖို့ အတွက်
သူဋ္ဌေးကြီးကိုအတူယူကြတဲ့  ဒါ့ကြောင့်
သူ့ ဝါဒ ကိုယ့်ဝါဒ ကတော့ နိုင်းယှဉ်လေ့
လာပြောဆိုရမှာပါ ဗုဒ္ဓက တရားအစစ်ကို
သိချင်တဲ့သူတွေရှိနေပေမဲ့ ဟောမဲ့ပြောမဲ့
သူမရှိလို့ လွဲချော်နေကြတာတဲ့ ဒါ့ကြောင့်
ချစ်သားတို့  ဟောကြ ပြောကြတဲ့

သူများဘာသာမကောင်းကြောင်းမရေးဘူး

ဒါပေမဲ့

ဗုဒ္ဓဘာသာ      
ကောင်းကြောင်းတော့
့ရေးရမှာပဲ
ဘာဖြစ်လို့ လည်းဆိုတော့
သေပြီးနောင်မှ ဘာဖြစ်မယ်ညာဖြစ်မယ်
ဆိုတာဟာ မှားခဲ့ရင်ဆိုတဲ့ အကြောင်းပြ
ချက်ရှိတယ် ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့
သံသယရှိတယ်

ဗုဒ္ဓ့်ဘာသာက ကိုယ်လုပ်မှ ကိုယ်ရမယ်
ကိုယ်မလုပ်ရင်ကိုယ်မရဘူး
ကိုယ်လုပ်သလောက်ရမယ်
အခုလုပ်ရင် အခုရမယ်
နောက်မှ လုပ်ရင် နောက်မှ ရမယ်
ဘယ်သူ့ မှ အားကိုးလို့ မရဘူး
ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရမယ်

ဒီအဖြေကို ကြိုက်တယ်
သိပ္ပံဆန်တယ်
နောင်မှ နောင်တရတာမျိုး မရှိဘူး

နောက်ပြီး ယုံကြည်မှု့နဲ့ လက်ခံရတာမျိုး
မဟုတ်ဘူး
ကျင့်သုံးပြီး ကိုယ်တွေ့ မှ လက်ခံလို့ 
အာမခံချက်ပေးထားလို့ 

ဘာသာတရားဆိုတာ အတုနဲ့ အစစ်ရှိတယ်
အစစ်ကမှသာလျှင် တကယ်ငြိမ်းချမ်းမှု့ပေးနိုင်တာ

ဒါ့ကြောင့်

ဘုရားချင်းပြိုင်တာမဟုတ်ဘူး
အတုနဲ့ အစစ်ခွဲံခြားတာ

ပုတ်ခတ်တာမဟုတ်ဘူး
အယူဝါဒချင်း ဆန်းစစ်တာ

ဝေဘန်တာမဟုတ်ဘူး
နှိုင်းယှဉ်လေ့လာတာ

ဘာသာတိုင်းက ကောင်းပါတယ်တဲ့
ဘာသာတိုင်းကောင်းရင် ဘာသာရေး
ပဋိပက္ခဆိုတာ ပေါ်စရာတောင်မလိုဘူး

ကျုပ်တို့ ဘာသာလည်း လှူဖို့ ပြောတာပဲ
မေတ္တာထားဖို့ ပြောတာပဲ  တဲ့
ဟုတ်တယ်
ဒါပေမဲ့  နိဗ္ဗါန်ကျင့်စဉ်မပါလို့ 
သံသရာအကြောင်းမပါလို့ 
သံသရာချမ်းသာဖို့ မပါလို
လက်မခံတာ

အဲဒါမှ မကျေနပ်ရင်
ကိုယ့်ဖာကိုယ် ဘာသာစုံအောင်
လေ့လာကြည့်လိုက်

အဖြေတခုခုတော့ ရလိမ့်မယ်

် mrcopy2110.blogspot.com 


Posted via Blogaway

No comments:

Post a Comment