Sunday, January 17, 2016

တရားဦးဓမ္မစကြာ

တရားဦးဓမ္မစကြာ
********************

မဟာသက္ကရာဇ် (၁၀၃)၊ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။
ထိုနေ့၏ ညနေချမ်း နေ၀င်တော့မည့် ဆဲဆဲ အချိန်လေးဖြစ်၏။ ထိုညနေချမ်းအချိန်လေးမှာ…အနောက် လောကဓာတ်တွင် သူရိယနေမင်းကြီးက..၀င်လုခါနီးဆဲဆဲဖြစ်နေပြီ၊ အရှေ့လောကဓာတ်မှလည်း စန္ဒာလမင်းကြီးက..စတင်ပေါ်ထွက်လာလေပြီ။ နေမင်း၏ အရောင် နှင့် လမင်း၏ အရောင်တို့က ကောင်းကင်တခွင်ကို လှပစွာ အလှဆင်ထားလေသည်။
ထိုအချိန်အခါသမယ၊ မိဂဒါဝုန်တောဝယ် ပို၍ပင် သာယာကြည်နူးဖွယ်ပင်ဖြစ်၏။

မြတ်ဗုဒ္ဓ သည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောပေတော့မည်။ မြတ်ဗုဒ္ဓတရားဦးအတွက် နတ်ဗြဟ္မာများသည်လည်း တရားနာရန် ကြိုတင်၍ နေရာယူထားကြပြီးဖြစ်၏။ တရားဦးစခါနီးမှ အားခဲပြီး ရောက်ရှိလာသော နတ်ဗြဟ္မာများသည်လည်း နေရာယူနေကြပြီ။ အရေအတွက်အားဖြင့် နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေမျှပင် ရှိသည်။ ထိုတရားနာပရိသတ်တို့တွင် လူသာမာန်အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးသာ ရှိသည်။ မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့ ရိုရိုသေသေ ခင်းပေးထားသော နေရာထိုင်ခင်းတွင် ထိုင်တော်မူ၊ ပဉ္စ၀ဂ္ဂီတို့က မြတ်ဗုဒ္ဓ ရှေ့မှောက်တွင် နေရာယူထားလို့၊ နတ်ဗြဟ္မာများမှာတော့ ဘုရားကိုယ်တော်မြတ်၏ ၀ဲယာ အနောက်ဘက် ၀န်းကျင်တို့တွင် အသီးသီး အရိုအသေပြု နေရာယူထားကြလေပြီ။ ပဉ္စ၀ဂ္ဂီတို့ နှင့် နတ်ဗြဟ္မာအားလုံးတို့က..မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာမယ့် တရားဦး ကို အာရုံစိုက်ထား၊ မျှော်လင့်နေကြလေ၏။ ဘေးပတ်ဝန်းကျင်မှလည်း အနှောက်ယှက် အသံဗလံများ မရှိဘဲ၊အေးချမ်း တိတ်ဆိတ် သာယာနေလေသည်။
ထိုအချိန်အခါဝယ်..မြတ်ဗုဒ္ဓက..

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ

ဟု စတင် တရားဟောလေပြီ။
မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာသော ထိုစာပိုဒ်လေးသည်..စကြာဝဠာတိုက် (၁)သောင်းမှ နတ်ဗြဟ္မာများ ကြားအောင် ပျံ့နှံ့ထွက်ပေါ်သွားပါတော့၏။ ဂေါတမမြတ်ဗုဒ္ဓသာသနာတွင်.. တရားဟောသောအနေဖြင့် ပထမဆုံးထွက်ပေါ်လာသော တရားသံဖြစ်၏။ ပထမဆုံး ဓမ္မဖြစ်၏။ ထိုပါဠိတော်စာပိုဒ်လေးဖြင့် မြတ်ဗုဒ္ဓက..သာသနာတော်ကို စတင်လိုက်လေပြီ။
အဓိပ္ပါယ်မှာ…

ဘိက္ခဝေ ရဟန်းတို့၊ အို ချစ်သားတို့..
ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်
ရဟန်းတော်ဆိုတာ ဤဆိုလတံ္တ့သော တရား (၂)မျိုးတို့ကို မမှီဝဲ မသုံးစွဲကောင်းဘူး။
ဟု အဓိပ္ပါယ်ရလေသည်။
လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို
မမှီဝဲ မသုံးစွဲကောင်းသော ဤတရား(၂)မျိုးဆိုသည်မှာ..

၁. ကာမသုခလ္လိကာနုယောဂ နှင့်

၂. အတ္တကိလမထာနုယောဂ ..တို့ဖြစ်၏။
ပါဠိစာလုံး အန္တ ဆိုသည်မှာ အယုတ်တရားများ (သို့) အစွန်းတရားများ (သို့) အဖို့ အစု တရားများဟုခေါ်၏။ (ဓမ္မစေတီဆရာတော်)

ပထမ အဖို့အစု တရားဖြစ်သော
" ကာမသုခလ္လိကာနုယောဂ " အကျင့်ဆိုသည်မှာ..
ကာမဂုဏ်အာရုံတို့၌ သာယာတပ်မက်နှစ်သက်ပြီး ခံစားနေခြင်းဖြစ်၏။ ကာမဂုဏ်ကို မှတ်သားထားခြင်း၌ အကြောင်းခံသော အကျင့်ဖြစ်၏။ ၀တ္ထုကာမတို့ကို ကပ်ညိနေခြင်း ဖြစ်၏။ (ဓမ္မစေတီဆရာတော်)

လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို ကာမသုခလ္လိကာနုယောဂ အကျင့်ဟု ခေါ်၏။ (မဟာစည်ဆရာတော်)

လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို တရားဦးဓမ္မစကြာ
*************

မဟာသက္ကရာဇ် (၁၀၃)၊ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။
ထိုနေ့၏ ညနေချမ်း နေ၀င်တော့မည့် ဆဲဆဲ အချိန်လေးဖြစ်၏။ ထိုညနေချမ်းအချိန်လေးမှာ…အနောက် လောကဓာတ်တွင် သူရိယနေမင်းကြီးက..၀င်လုခါနီးဆဲဆဲဖြစ်နေပြီ၊ အရှေ့လောကဓာတ်မှလည်း စန္ဒာလမင်းကြီးက..စတင်ပေါ်ထွက်လာလေပြီ။ နေမင်း၏ အရောင် နှင့် လမင်း၏ အရောင်တို့က ကောင်းကင်တခွင်ကို လှပစွာ အလှဆင်ထားလေသည်။
ထိုအချိန်အခါသမယ၊ မိဂဒါဝုန်တောဝယ် ပို၍ပင် သာယာကြည်နူးဖွယ်ပင်ဖြစ်၏။

မြတ်ဗုဒ္ဓ သည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောပေတော့မည်။ မြတ်ဗုဒ္ဓတရားဦးအတွက် နတ်ဗြဟ္မာများသည်လည်း တရားနာရန် ကြိုတင်၍ နေရာယူထားကြပြီးဖြစ်၏။ တရားဦးစခါနီးမှ အားခဲပြီး ရောက်ရှိလာသော နတ်ဗြဟ္မာများသည်လည်း နေရာယူနေကြပြီ။ အရေအတွက်အားဖြင့် နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေမျှပင် ရှိသည်။ ထိုတရားနာပရိသတ်တို့တွင် လူသာမာန်အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးသာ ရှိသည်။ မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့ ရိုရိုသေသေ ခင်းပေးထားသော နေရာထိုင်ခင်းတွင် ထိုင်တော်မူ၊ ပဉ္စ၀ဂ္ဂီတို့က မြတ်ဗုဒ္ဓ ရှေ့မှောက်တွင် နေရာယူထားလို့၊ နတ်ဗြဟ္မာများမှာတော့ ဘုရားကိုယ်တော်မြတ်၏ ၀ဲယာ အနောက်ဘက် ၀န်းကျင်တို့တွင် အသီးသီး အရိုအသေပြု နေရာယူထားကြလေပြီ။ ပဉ္စ၀ဂ္ဂီတို့ နှင့် နတ်ဗြဟ္မာအားလုံးတို့က..မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာမယ့် တရားဦး ကို အာရုံစိုက်ထား၊ မျှော်လင့်နေကြလေ၏။ ဘေးပတ်ဝန်းကျင်မှလည်း အနှောက်ယှက် အသံဗလံများ မရှိဘဲ၊အေးချမ်း တိတ်ဆိတ် သာယာနေလေသည်။
ထိုအချိန်အခါဝယ်..မြတ်ဗုဒ္ဓက..
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ

ဟု စတင် တရားဟောလေပြီ။
မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာသော ထိုစာပိုဒ်လေးသည်..စကြာဝဠာတိုက် (၁)သောင်းမှ နတ်ဗြဟ္မာများ ကြားအောင် ပျံ့နှံ့ထွက်ပေါ်သွားပါတော့၏။ ဂေါတမမြတ်ဗုဒ္ဓသာသနာတွင်.. တရားဟောသောအနေဖြင့် ပထမဆုံးထွက်ပေါ်လာသော တရားသံဖြစ်၏။ ပထမဆုံး ဓမ္မဖြစ်၏။ ထိုပါဠိတော်စာပိုဒ်လေးဖြင့် မြတ်ဗုဒ္ဓက..သာသနာတော်ကို စတင်လိုက်လေပြီ။
အဓိပ္ပါယ်မှာ…

ဘိက္ခဝေ ရဟန်းတို့၊ အို ချစ်သားတို့..
ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်
ရဟန်းတော်ဆိုတာ ဤဆိုလတံ္တ့သော တရား (၂)မျိုးတို့ကို မမှီဝဲ မသုံးစွဲကောင်းဘူး။

ဟု အဓိပ္ပါယ်ရလေသည်။
မမှီဝဲ မသုံးစွဲကောင်းသော ဤတရား(၂)မျိုးဆိုသည်မှာ..

၁. ကာမသုခလ္လိကာနုယောဂ နှင့်

၂. အတ္တကိလမထာနုယောဂ ..တို့ဖြစ်၏။

ပါဠိစာလုံး အန္တ ဆိုသည်မှာ အယုတ်တရားများ (သို့) အစွန်းတရားများ (သို့) အဖို့ အစု တရားများဟုခေါ်၏။ (ဓမ္မစေတီဆရာတော်)

ပထမ အဖို့အစု တရားဖြစ်သော ကာမသုခလ္လိကာနုယောဂ အကျင့်ဆိုသည်မှာ..
ကာမဂုဏ်အာရုံတို့၌ သာယာတပ်မက်နှစ်သက်ပြီး ခံစားနေခြင်းဖြစ်၏။ ကာမဂုဏ်ကို မှတ်သားထားခြင်း၌ အကြောင်းခံသော အကျင့်ဖြစ်၏။ ၀တ္ထုကာမတို့ကို ကပ်ညိနေခြင်း ဖြစ်၏။ (ဓမ္မစေတီဆရာတော်)
လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို ကာမသုခလ္လိကာနုယောဂ အကျင့်ဟု ခေါ်၏။ (မဟာစည်ဆရာတော်)

ထိုအကျင့်ကို ကျင့်နေခြင်းသည်..
၁. ယုတ်ညံ့၏
၂. ရိုင်းလည်းရိုင်းပြ၏
၃. ပုထုဇဉ်လူတို့ သူသူ ငါငါ နှင့် ဆက်ဆံသော အလုပ်မျိုးလည်း ဖြစ်၏
၎. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ
၅. အကျိုးမဲ့နှင့်သာ စပ်ဆိုင်၏ (၀ါ) အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏
ထို့ကြောင့် ရှောင်ကြဉ်ရမည့် ပထမ အဖို့အစု တရားပင်ဖြစ်၏။

ဒုတိယအဖို့အစုတရား ဖြစ်သော အတ္တကိလမထနုယောဂအကျင့်ဆိုသည်မှာ…
မိမိကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲခံ ကျင့်ကြံအားထုတ်သော အကျင့်မျိုးတို့ဖြစ်၏။ ဥပမာဆိုရလျင်..
ကိလေသာ ကုန်ခမ်းသွားအောင် ဆူးပေါ်၌ အိပ်ခြင်း၊ ပူအိုက်သော ရာသီတွင် အရပ်လေးမျက်နှာ မီးပုံကြီးများ အလယ်၌ ကိလေသာကုန်သွားအောင် အပူခံခြင်း၊ အလွန်အေးသော အချိန်၌ ကိလေသာကုန်သွားအောင် မြစ်ထဲသို့ ရေချိုးဆင်းခြင်းတို့ဖြစ်၏။
ထို့ကြောင့် ထိုအကျင့်တို့သည်..အလေ့အစွဲ အကျင့်စွဲတို့ကို အမှီပြု၍၊ အကြောင်းခံ၍ မှားယွင်းစွာ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ်၌ မှန်ကန်သော လွတ်မြောက်မှုကို မှားယွင်းစွာ ရှာခြင်းပင်ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်အားဖြင့် ဆိုရလျင်..အ၀ိဇ္ဇာဦးဆောင် တဏှာနောက်လိုက်ဖြစ်သော လမ်းစဉ်မျိုးဖြစ်၏။ (ဓမ္မစေတီဆရာတော်)

ထိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ခြင်းသည်လည်း..
၁. ဆင်းရဲကိုသာ ဖြစ်စေတတ်၏။
၂. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ။
၃. အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏။..
ထို့ကြောင့် ဒုတိယ အဖို့အစု တရားဖြစ်သော အတ္တစွန်းကိုလည်း ရှောင်ကြဉ်ရမည်။

ကာမသုခလ္လိကာနုယောဂအကျင့် ဆိုသည်မှာ ကာမစွန်း ဖြစ်၏။
အတ္တကိလမထာနုယောဂအကျင့်ဆိုသည်မှာ အတ္တစွန်း ဖြစ်၏။
တရားသဘောအားဖြင့်
ကာမစွန်း ဆိုသည်မှာ လောဘပင်ဖြစ်၏။ အတ္တစွန်း ဆိုသည်မှာ ဒေါသ ကို ညွှန်းဆိုသည်။

ထိုသို့ လောဘဘက်ကိုလည်း မလိုက်..ဒေါသဘက်ကိုလည်း မလိုက်ဘဲ..အလယ်လမ်း အကျင့်ဖြစ်သော မဇ္စျိမပဋိပဒါအကျင့်မြတ်ကို မြတ်ဗုဒ္ဓက..ကိုယ်ပိုင်ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိအပ်မြင်အပ်ခဲ့လေပြီ။
ထို မဇ္ဈိမ ပဋိပဒါအကျင့်မြတ်ကို ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ထူးတို့မှာ..

ဥာဏ်မျက်စိကို ပြုတတ်ခြင်း
ကိလေသာခပ်သိမ်း ကင်းဝေးစေတတ်ခြင်း၊ ငြိမ်းအေးစေတတ်ခြင်း
ထူးသောဥာဏ်ဖြင့် သိအပ်မြင်အပ်ခြင်း
မဂ်ဥာဏ်ဖြင့် သစ္စာ (၄)ပါးတို့ကို သိမြင်နိုင်ခြင်း
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန် အကျိုးပေးခြင်း ..တို့ဖြစ်၏။

ထို့သို့ နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်သော အလယ်အလတ် လမ်းစဉ်မှာ..မဂ္ဂင် (၈)ပါးပင် ဖြစ်၏။ မဂ္ဂင် (၈)ပါး တို့မှာ..
  ၁. မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'၊  (တနည်း) ကောင်းစွာ မြင်ခြင်း
၂. မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊  (တနည်း) ကောင်းစွာ ကြံခြင်း
၃. မှန်ကန်သော စကား'သမ္မာဝါစာ'၊  (တနည်း) ကောင်းစွာ ပြောဆိုခြင်း
၎. မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'၊  (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း
၅. မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊  (တနည်း)  ကောင်းစွာ အသက်မွေးခြင်း
၆. မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊  (တနည်း)  ကောင်းစွာ အားထုတ်ခြင်း
၇. မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊  (တနည်း)  ကောင်းစွာ အောက်မေ့ခြင်း
၈. မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်း တို့တည်း။

mrcopy2110.blogspot.com

Posted via Blogaway

No comments:

Post a Comment