အမေရယ် မငိုပါနဲ့ 
Don't cry mother
*********************
အမေရယ် မငိုပါနဲ့ 
သားမောင် အမေ့ရင်ခွင်ထဲမှာ ကာလရှည်ကြာ မနေနိုင်ခဲ့တာဟာ ပျော်ရွှင်စရာမကောင်းလို့မဟုတ်ပါဘူး
မြတ်ဗုဒ္ဓ၏ သာဝကတစ်ပါးဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။
Don't cry mother.
I your son could not lived on your lap any longer
not because I was not happy with you
but because of my ambition to be a disciple of the Buddha.
အမေရယ် မငိုပါနဲ့ 
သားမောင် အမေ့လက်ရာ ( ထမင်းဟင်းလျာ ) တွေကို
အားရပါးရ မစားသုံးနိုင်ခဲ့တာဟာ မနှစ်သက်လို့မဟုတ်ပါဘူး။
ဓမ္မရသကို သုံးဆောင်ခံစားဖို့  လှုံ့ ဆော်ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။
Don't cry mother.
I your son didn't enjoy your cooking heartily
not because I didn't like it
but because the Dhamma inspired me to taste its delicacy.
အမေရယ် မငိုပါနဲ့ 
သားမောင် အမေ့ကိုပစ်ပြီး သာသနာ့ဘောင်ဝင်ခဲ့တာဟာ
အမေ့မေတ္တာရိပ်ကို မခိုလှုံချင်တော့လို့မဟုတ်ပါဘူး။
ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့  အရိပ်အာဝါသအောက်မှာ
ခိုလှုံချင်လို့  ဖြစ်ပါတယ်။
Don't cry mother.
I your son left you and entered into the Buddha Sasana
not because I didn't want to shelter under your maternal love
but because I wanted to take refuse in Three Gems,
the Buddha, the dharma and the sangha.
အမေရယ် မငိုပါနဲ့ 
သားမောင် အမေ့အိမ်ငယ်လေးက ပြေးထွက်ခဲ့တာဟာ
ကောင်းမွန်ခံ့ညားကျယ်ဝန်လှတဲ့ ရွှေကျောင်းတော်ကြီးထဲမှာ
ဇိမ်ကျကျ နေထိုင်ချင်လို့မဟုတ်ပါဘူး။
သာသနာ့တာဝန်တွေကို ပုခုံးလွှဲပြောင်း ထမ်းဆောင်ချင်လို့  ဖြစ်ပါတယ်။
Don't cry mother.
I your son ran away from your small house
not because I wanted to live in a nice grand large
golden monastery building luxuriously
but because I wanted to take responsibility
of religious affaires on my shoulder.
အမေရယ် မငိုပါနဲ့ 
သားမောင် အမေ့ရွာငယ်လေးကို ခွဲခွာပြီး မြို့တက်ခဲ့တာဟာ
ကိန်းခန်းကြီးတဲ့ လူချမ်းသာတွေကြားမှာ
ဟိတ်ကြီးဟန်ကြီးနဲ့  နေလိုတဲ့အတွက်မဟုတ်ပါဘူး။
ဗုဒ္ဓဟောကြားမြတ်တရားတွေကို လေ့လာသင်ယူလိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်။
Don't cry mother.
I your son went to the town leaving your small village
not because I wished to stay on ceremony among the lordly rich people
but because I desired to study the Dhamma which taught by the Buddha.
အမေရယ် မငိုပါနဲ့ 
အမေ့ရဲ့ ဘဝအခြေနေတွေ ခက်ခဲနိမ့်ကျနေတယ်ဆိုတာ သားမောင်သိပါတယ်။
အမေကို ပြုစုလုပ်ကြွေးဖို့  အနီးနာမှာ မနေနိုင်တာဟာ
အမေ့ကျေးဇူးတွေကို မပေးဆပ်ချင်လို့မဟုတ်ပါဘူး။
သာသနာထဲမှာနေပြီး ပါရမီတွေကို ဖြည့်ဆည်းပူးချင်လို့ဖြစ်ပါတယ်။
Don't cry mother.
I your son know your standard of living is very hard and low
but I cannot live together with you to care for
not because I don't want to pay back your gratitude
but because I want to fulfill perfections living in Sasana.
အမေရယ် မငိုပါနဲ့ 
အမေ့ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးရမယ်ဆိုတာသိပေမဲ့
မလုပ်ပေးနိုင်တာဟာ သားတစ်ယောက်ရဲ့တာဝန်ဝတ္တရားကို မထမ်းချင်လို့မဟုတ်ပါဘူး။
မြတ်ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွါးအောင်
တာဝန်ယူထမ်းဆောင်နေတာကြောင့် ဖြစ်ပါတယ်။
Don't cry mother.
I your son realize that I am duty-bound to do your chores
but I cannot do that not because I didn't to do the duty of a son
but because I take duty to make promotion and progress of Buddha's Sasana.
အမေရယ် မငိုပါနဲ့ 
သားမောင် အမေနှင့်မိသားစုတွေ ဆွေမျိုးညာတကာတွေ ဒကာဒကာမတွေ မိတ်ဆွေအပေါင်းသင်းတွေကို ထားခဲ့ပြီး
အမိနိုင်ငံပြင်ပကို ထွက်ခွါလာတာဟာ
လူမျိုးမတူ ဘာသာစကားမတူ ယဉ်ကျေးမှုမတူ ဘာသာမတူသူတွေနဲ့ 
ပျှော်ပျှော်ပါးပါး နေထိုင်ချင်လို့  မဟုတ်ပါဘူး။
သားမောင်ရဲ့  ပညာရေးလေ့လာမှုကို ဆက်လက်လုပ်ဆောင်ချင်လို့ဖြစ်ပါတယ်။
Don't cry mother.
I your son departed for foreign from your country
leaving all members of your family, relatives, donors, friends,
and stay among different citizen, different language, different civilization
and different religion not because I am happy with them
but because to carry on with my learning.
အမေရယ် မငိုပါနဲ့ 
သားမောင်ကို ယိုင်နဲ့ ပြီး မိုးယိုနေတဲ့ တဲငယ်လေးထဲက
မှုံပြပြ ဖရောင်းတိုင်မီးရောင်အောက်မှာ မွေးခဲ့တာ၊
ဖျားကြမ်းပေါ်မှာ သိပ်ခဲ့တာ၊ ခြည်ထည်အဝတ်စားတွေဝတ်ခဲ့ရတာ၊
ကန်ရေကိုသောက်ပီး ငါးပိဖုတ်ပဲပြုပ်စားခဲ့တာ၊ လယ်ကွင်းပြင်မှာ ကစားခဲ့တာ အဲဒီ ငယ်စဉ်တုန်းက ဘဝအခြေနေတွေကို ဘယ်တော့မှ မမေ့ပါဘူး၊
Don't cry mother.
I your son never forget my young life condition;
I was born in the blurred light of candle in a small weak hut
in which the rain was leaking, slept on rough mat, wore cotton dresses,
drunk the water in the pond and enjoyed baked fish paste
and boiled bean and played in the fields.
အမေရယ် မငိုပါနဲ့ 
သားမောင် သောက်စို့ ခဲ့တဲ့ အမေ့နို့ရည်၊ အမေခွံ့ကျွေးခဲ့တဲ့ အစားအစာ၊ အမေနှင့် အတူအိပ်ခဲ့တဲ့ အိပ်ရာလေးတွေကို တမ်းတမ်းတတ ရှိနေပါတယ်။
Don't cry mother.
I your son am longing for your breast
which I sucked, the food which you fed
and your bed at which I slept beside you.
အမေရယ် မငိုပါနဲ့
ခေါင်းပေါ်မှာ ဈေးတောင်းနဲ့ ရွာတကာရောက်တဲ့ အမေ့ပုံရိပ်ကို အမြဲသတိရသလို အမေ သူများဆီက ငွေချေးငှားပီး လှူခဲ့တဲ့
သားမောင်ရဲ့ ပညာသင်စရိတ်စကတွေကိုလည်း ဘယ်တော့မှ မမေ့ပါဘူး။
Don't cry mother.
I always recall your image with vegetable basket on the head
in nearby villages and I never forget my learning expense
that you borrowed from others and offered me.
အမေရယ် မငိုပါနဲ့ 
သားမောင်ရဲ့  ဘဝကို ပညာမတတ်ရှာတဲ့
သနားစရာ ကလေးငယ်လေးတွေရဲ့  ဘဝကို မြှင့်တင်ပေးရေးမှာ မြုပ်နှံထားပါတယ်။
Don't cry mother.
I your son have given myself over
to improve the poor children from uneducated condition.
အမေရယ် မငိုပါနဲ့ 
သားမောင်ရဲ့  ဘဝကို မြတ်ဗုဒ္ဓ၏နောက်လိုက်သာဝကများ
သောက ပရိဒေဝ ဒုက္ခတွေကနေလွတ်မြောက်ရန်
တရားဓမ္မဖြန့်ဝေဟောကြားခြင်းအလုပ်မှာ မြုပ်နှံထားပါးတယ်။
Don't cry mother.
I your son am dedicating my life delivering the Buddha's teaching
to the disciples to liberate them from sorrow,
grief, torment and suffering.
အမေရယ် မငိုပါနဲ့ 
သားမောင်ပြုသမျှကုသိုလ်တွေကို အမေ အညီအမျှရစေဖို့  ဝေငှပေးလိုက်ပါတယ်။
သားပြုသမျှကောင်းမှုတွေကို အမေကိုယ်တိုင်ပြုသကဲ့သို့ လက်ခံယုံကြည်ကာ ကျေးဇူးပြုပြီး ကျေနပ်ပါတော့။
Don't cry mother.
I your son equally share you all merits which are done by me so, mother, would you please be satisfied
by assuming whatever good deed I do is you do alike.
အမေ ကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့ 
အဝေးရောက်သား ဆုတောင်းပေးလိုက်ပါတယ်။
Your son who stays away from pray for you to be healthy, wealthy and peaceful and calm in mind.
No comments:
Post a Comment