" လွန်ခဲ့သော၂၅၀၀ ကျော်က သိကြားမင်းသည်
မဂဓတိုင်းရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ ဝေဒိယကတောင်၊
ဣန္ဒသာလလိုဏ်ဂူ၌ သီတင်းသုံးနေမူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံ လာရောက်၍ -
“ မြတ်စွာဘုရား. . . လူနတ်သတ္တ၀ါအများတို့သည်
- ရန်ငြိုးကင်းလျက်၊
- ဒဏ်ကင်းလျက်၊
- ရန်သူကင်းလျက်၊
- စိတ်ဆင်းရဲကင်းလျက်၊
- အမျက်ထွက်ခြင်း ကင်းနေရခြင်းကို
လိုချင်တောင့်တကြပါကုန်၏။
သို့ ပါလျက် ရန်ငြိုးရှိလျှက်
ဒဏ်ရှိလျှက်ရန်သူရှိလျက်စိတ်ဆင်းရဲလျက်အမျက်
ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း။ ”
ဟု မေးမြန်းလျှောက်ထား၏။
ဗုဒ္ဓက “ မနာလိုခြင်း( ဣဿ ) နှင့်
ဝန်တိုခြင်း (မစ္ဆရိယ)
ရှိသောကြောင့်ဟူ၍ ပြတ်ပြတ်သားသား အဖြေပေးတော်မူခဲ့ပါသည်။
- (သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)
ထိုအကုသိုလ်တရားမှ ရှောင်ကြဉ်နိုင်ကြပါစေခင်ဗျာ
dhammaransi မှ
တဆင့်ဓမ္မဒါနကူးယူပြီး တင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြ
ပါသည်ခင်ဗျာ)
Posted via Blogaway
No comments:
Post a Comment