Friday, January 15, 2016

လောကီမင်္ဂလာ


လူ့ဘ၀ဆိုတာရဖို့ခဲရင်းသလိုဘဲ သာသနာနှင့်ကြုံဆုံရဖို့ဆိုတာကလဲခဲရင်းတယ်။ လကွယ်နေ့ညမှောင်မိုက်တဲ့အထဲမှာ လျှပ်စီးလေးတချက်လက်လိုက်တဲ့အခါမှာ အလင်းရောင်တန်းလေးကိုခဏသာမြင်ရတယ်။ အဲဒီလိုဘဲသာသာနာဆိုတာကြုံရဖို့ခဲရင်းတယ်။ ဒါကြောင့်ကိုယ့်ဘ၀ကိုအဓိပ္ပါယ်ရှိအောင် အကျိုးရှိအောင်အသုံးချတတ်ဖို့လိုတယ်။ မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်သာတင်းတိမ်မနေဘဲနှင့် မှန်ကန်တဲ့အယူဝါဒရှိဖို့လိုအပ်တယ်။ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့ကလဲခဲရင်းတယ်။ တချို့လူများလောကီမင်္ဂလာကို ယုံကြည်မှုလွန်ကဲနေတတ်ကြတာတွေ့ရတယ်။ စကားလုံးအသံထွက်အပေါ်မှာမူတည်ပြီးတော့ ကိုယ်လိုရ်ာအဓိပ္ပါယ်ကောက်ပြီးတော့ကောင်းဖြစ်၊ ဆိုးဖြစ်ကိုဆုံးဖြတ်တတ်ကြတာကိုတွေ့ရတယ်။ အဲဒီလိုလွမ်းမိုးမှုဒဏ်ကိုခံနေကြတဲ့သူများမှာ ဘုရားကိုလှူတာတောင်မှ အဓိပ္ပါယ်ကောက်လွဲနေကြတယ်။ဆိုကြပါစို့ဘုရားကို နှင်းဆီပန်းမလှူကောင်းဘူး၊ကြာပန်း မလှူကောင်းဘူးလို့အယူစွဲနေကြတယ်။ နှင်းဆီပန်းကဆူးတွေနှင့်မို့လှူရင်ဆူးညှောင့်ခခုတ် ရှိတတ်တယ်၊ကြာပန်းလှူရင် သံသရာမှာကြာနေတတ်သလိုဘဲ ပစပ္ပါန်လုပ်ငန်းတွေမျှာလဲကြန့်ကြာတတ်တယ်လို့ အယူစွဲနေကြတယ်။အမှန်ကတော့နှင်းဆီပန်းဆိုတာ အရောင်အဆင်းအနံ့နှင့်ပြည့်စုံတဲ့ပန်းကိုလှူရင် ကုသိုလ်ရပါတယ်။စပျစ်သီးကိုလှူရင် ပျက်စီးတတ်တယ်။ဖရဲသီးကိုလှူရင် ဖရိုဖရဲဖြစ်တတ်တယ်။မာလကာသီးလှူရင် မလကသွားရတတ်တယ်။သေတတ် တယ်လို့စွဲတဲ့လူလဲရှိတယ်။လိမော်သီးလှူ အလိမ်ခံရတတ်တယ်။ ပန်းသီးလှူရင်ကိုယ်ပန်း စိတ်ပန်းဖြစ်တတ်တယ်။သြဇာသီးလှူရင် သြဇာရှိတယ်။ကံကောင်းချင်ရင် ကံစွန်းရွက်လှူရတယ်။ ကံကော်ချင်ရင် ကံ့ကော်ပန်းလှူ၊ရာထူးအာဏာ တည်မြဲချင်တယ်ဆိုရင်မပြောင်းရွေ့ချင်ရင် ပြောင်းဖူးလှူ၊အသက်ရာကျော်ရှည်ချင်ရင် ဘရာကျော်လှူရတယ်။ ကြာကြာစံချင်ရင်ကြာဇံ ကျော်လှူရတယ်။ထင်ပေါ်ကျော်ကြားချင်ရင် မုံ့လုံးရေပေါ်လှူရတယ်။ထူးးထူးခြားခြားကွဲ နေတဲ့လင်မယား၊ချစ်သူအချင်းချင်း ပြန်ပေါင်းစေချင်ရင်ပြန်ပေါင်းထုတ်လှူ၇တယ်။ ကွဲနေတာပြန်စေ့ချင်ရင်ကွာစေ့လှူရတယ်။ နေ့ခြင်းညခြင်းစီးပွါးတက်ချင်တယ်ဆိုရင်တော့ ဂျင်းတက်ကိုလှူရတယ်။အဲဒီအယူအဆတွေက မှားယွင်းတဲ့အယူအဆတွေပါ။တချို့ကျတော့လဲ မိုးခြိမ်းရင်နမိတ်မကောင်းဘူး၊ အိမ်မက်အပေါ်မူတည်ပြီးတော့လဲ နမိတ်တွေကောက်တတ်ကြတယ်။ပက်လက်အိပ်ရင်း မက်တဲ့အိမ်မက်ကအဓိပ္ပါယ်တမျိုး၊စောင်းအိပ်ရင်း မက်တဲ့အိမ်မက်ကျတော့တမျိုးအဓိပ္ပါယ်ရှိတယ်။ ညဦးရံမက်တဲ့အိမ်မက်နှင့် လင်းခါနီးမက်တဲ့အိမ်မက်ကလဲမတူပြန်ဘူး။ အပေါ်သွားကြိုးသွားတယ်ဆိုရင်ကိုယ့်ထက် အသက်ကြီးတဲ့သူရဲ့အသက်အန္တရယ်ရှိတယ် စသည်ဖြင့်အိမ်မက်အပေါ်မှာစွဲလန်းတဲ့အယူကိုလဲ အယုံကြည်သန်တတ်ကြတယ်။ခရီးထွက်ခါနီးမှာ မှန်ကျကွဲတယ်ဆိုရင်အတိတ်နမိတ်မကောင်းဘူး။ ကွဲတတ်တဲ့အမျိုးမို့ထိမိခိုက်မိလို့ကွဲတာဘဲလို့ တွေးယူသင့်တယ်။ တချို့ကျတော့လဲ သားသမီးမွေးတာတောင်မှသားဦးစနေ မီးလိုမွေတယ်လို့ပြောတတ်ကြတယ်။ ခွန်နှစ်ရက်သာရှိတဲ့အတွက်မွေးဖွါးချိန်ရောက်နေရင် အောင့်ထားလို့ရတာမျိုးမှမဟုတ်တာဘဲ။ ဘယ်နေ့မွေးမွေးသားသမီးဆိုတာရတနာပါဘဲ။ တချို့ကျတော့ကိုယ်သူအိမ်သားတယောက်ယောက် ခရီးသွားနေချိန်မှာခေါင်းမလျှော်ကောင်းဘူး။ မင်္ဂလာဆောင်မသွားကောင်းဘူးဆိုတဲ့ အယူအဆမျိုးလဲရှိတယ်တယ်။တချို့ကတော့ ညအချိန်လက်သဲညှပ်ရင်လဒ်တိတ်တတ်တယ်လို့ ပြောတတ်ကြတယ်။တကယ်တော့ညအချိန် အလင်းရောင်မရှိတဲ့အတွက် အသားညှပ်မိမှာစိုးရတယ်ဆိုရင်လက်ခံနိုင်ဖွယ် ပိုကောင်းပါတယ်။


Posted via Blogaway

No comments:

Post a Comment