Thursday, January 14, 2016

♡ အမေ့မေတ္တာ ♡

♡ အမေ့မေတ္တာ ♡

သန္ဓေတည်စ ချိန်ကာလဝယ်
ပူ ငန် စပ် ခါး ရှောင်ကာရှားရင်း
သားငယ်လေးလား သမီးငယ်လားဟု
အမေမသိငြားလည်း 
ရင်ထဲမေတ္တာ ကြီးမားစွာဖြင့်
ယုယစောင့်ရှောက် လောကရောက်အောင်
အမေ မွေးထုတ်ပေးခဲ့တယ်။

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သက်
လူဖြစ်စရွယ် ပိုးငယ်လေအလား
ကြင်နာများနှင့် နို့ချိုတိုက်ကျွေး
လူကလေးကို မေမေမွေးမြူပေးခဲ့တယ်။

အရွယ်ရောက်လည်း လူများလယ်ဝယ်
တင့်တယ်ခြင်းငှါ ဆင်ယင်ကာဖြင့်
ဂုဏ်သိမ်တင့်စေ အကြင်နာတွေဖြင့်
မေမေချစ်လျှက်နေတုန်းပဲ။

အတောင်လက်စုံလင် ကြင်ဖက်နှင်၍
မိဘအိမ်ယာ စွန့်ခွာသူသွား
အေးခဲမသွား ချိန်ကြာသွားလည်း
အမေ့မေတ္တာကား  နွေးထွေးဆဲ။

သမီးနဲ့သား ဆိုးနေငြားလည်း
မပျက်မေတ္တာ တူညီစွာဖြင့်
လိမ္မာသားသမီး ထပ်တူပြီးလျှင်
ချစ်ခြင်းမေတ္တာ ဖြန့်ဝေငှသည်
အမေ့မေတ္တာကား စာဖွဲ့မမီ။

������������������

၁၅.၁.၂၀၁၄

Sky(အညာမြေ)

အမေများနေ့ကို ဂုဏ်ပြုပါသည်။


Posted via Blogaway

1 comment: