သမီး...
ပန်းတစ်ပွင့်ကို
အငုံအဖူးဘဝမှာ
ဘယ်သူမှ သတိမပြုမိကြဘူး ။
လှလှပပ ပွင့်ပြီဆိုတော့မှ
ခူးချင် လိုချင်ကြတယ် ။
ဟော... ဖူးပွင့်ပြီး
ကြွေလွင့်လည်းသွားရော
ဘယ်သူမှ မလိုချင်ကြတော့ပြန်ဘူး ။
မေ့ပစ်လိုက်ကြလေရဲ့ ။
မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ
အဲ့ဒီပန်းတစ်ပွင့်လိုပဲဆိုတာ
သမီးကြိုပြီး သဘောပေါက်ပါကွယ် ။
ဖေဖေ
Posted via Blogaway
No comments:
Post a Comment