Monday, January 18, 2016

မကရ ရာသီ ပြာသိုလဘွဲ့

မကရရာသီ ပြာသိုလဘွဲ့
================
(အဲချင်း)

* ထောင်ပြည့်မှ ရောင်ခြည်လေ ။
နေ၀န်းစက်မွန် ၊ တုဖက်ကယ်လွန်သည် ။
သရ၀ဏ်ကြယ် ၊ ပါဒ်နှစ်သွယ်နှင့် ၊
မိုးလယ် တောက်ထွန်း ၊ စိုစိုငယ် ရွှန်းလှတယ် ။
ရစ်သွန်းလည်ပါလို့လေး ။

* မြန်ပြည်မှ သာနိုး ။
မိန်ညို ချပ်ကာ ၊ ရွှေတန်ဆာနှင့် ၊
ရတနာမြင်းခင်း ၊ စိတ်ရှိငယ် ကျင်းသည် ။
နှင်းဖြိုးဖြိုးနှင့် ၊ စက်ထိုးဟန်ယူ ၊
အသည်းဆွတ်ကြွေ ၊ ချမ်းလေပြည်နှင့် ၊
တောခြေတောင်ယံ ၊
ငှက်ပေါင်းပျံလို့ ၊ ၀တ်ဆံငယ် ချူ သည် ၊
မီးပူပူ ကင်မ၀သည့် ၊ လ ပြာဆိုဆောင်း ။
ထည်ပေါင်းမှ ထောင်ရာ ။
ခြုံ လေ အေးလေ ၊ ကြက်သီးတွေနှင့် ၊
ယင်ရွှေပျားမင်း ၊ သြဇာကင်းသည် ။
ချိုးလင်းပြာတို့ ၊ မသာမကြည် ၊
ပရိဒေ၀ ၊ ငိုကြွေးကြလို့ ၊
ဟအာလုပ်သံ ၊ တညံညံနှင့် ၊
ခက်ပြန်အောင် မြည်သည် ။
ညွန့်ရှည်ရှည် ခွာညို ပွင့်လို့ ၊ သိုင်းဝင့်ချိန်နီး ။

* ပြည်ကြီးမှ ပင်မွန် ။
တုဖက်ကယ်လွန်သည် ။
ပုစွန်ကထွန်း ၊ နှင်းရည်သွန်းလို့ ၊
လေ၀န်းကဖိ ၊ ဘယ့်နှယ်သာချိပါ့မယ် ။
အမိကို ကယ်ကြပါ့ ။
မကရရာသီတဲ့ ၊
နာရီတော် သံညောင်းနှင့် ၊ စည်မောင်းတီး ။     ။

mrcopy2110.blogspot.com

No comments:

Post a Comment