ကိုယ့်အနားမှာ အမြဲနားလည်ပေးတဲ့သူ၊
ဆိုးတူကောင်းဘက် ရှိနေခဲ့သူ၊
ဆင်းရဲနှိမ့်ချမှုတွေ
ဘယ်လောက်ရှိရှိ သစ္စာရှိရှိနဲ့ ဘေးမှာ
နေပေးခဲ့သူတွေကို စိတ်ဒုက္ခမပေးပါနဲ့။
ကိုယ်စိတ်ညစ်ရတိုင်း
ဘယ်သူ့ကြောင့်လဲလို့
အဖြေရှာမိတဲ့အခါ
ကိုယ့်ရဲ့ အနီးကပ်ဆုံးသူတွေ၊
ကိုယ်နားလည် လက်တွဲခဲ့သူတွေ၊
ကိုယ်နဲ့ အမြဲရှိနေခဲ့သူတွေကြောင့်
ဖြစ်ရတဲ့ စိတ်ဒုက္ခက ပိုများပါတယ်။
ဒါက ချစ်ခြင်းမေတ္တာကြောင့်၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်
ဖြစ်ရတဲ့ သောကဆိုပေမယ့်လည်း တစ်ဖက်သားအပေါ်
မလိုအပ်ဘဲ ပြုမှုလိုက်တဲ့
အပြုအမှုကြောင့် တစ်ဖက်က
ထိခိုက်ရတာလည်းဖြစ်ပါတယ်။
ခဏလေးအချိန်ပေးပြီး
ကိုယ့်အပေါ်အမြဲနားလည်ပေးသူ၊
အရှုံးပဲဖြစ်ဖြစ်၊ နှိမ့်ချမှုပဲဖြစ်ဖြစ်၊
ဆင်းရဲမှုပဲဖြစ်ဖြစ်
ဘယ်လိုအခက်အခဲတွေရှိလာပါစေ အမြဲကြိုဆိုလက်ခံပြီး
ကိုယ့်အပေါ်စေတနာတွေ
အမြဲရှိနေသူဟာ
ဘယ်သူလဲလို့ ခဏလေး
တွေးကြည့်လိုက်ပါ။
ဘယ်သူလဲဆိုတာ
သိရပြီဆိုရင်တော့ သူတို့နဲ့ ပတ်သက်ပြီး
စိတ်တိုတော့မယ်၊
ဒေါသတကြီးနဲ့ အော်ဟစ်တော့မယ်၊
နာကျည်းစရာတွေ
ပြောမိတော့မယ်ဆိုတိုင်း
(၁)
ကိုယ်လောကကြီးကို
စိတ်ပျက်နေတဲ့အခါ
သူတို့ ဘေးနားမှာရှိပေးခဲ့တာကို စဉ်းစားပါ။
(၂)
သူ့အားပေးစကားတွေကြောင့်
ကိုယ်ပြန်လည်ရုန်းကန်
နိုးထလာခဲ့တာကို တွေးကြည့်ပါ။
(၃)
စကားလုံးတွေကြောင့် နာကျည်းမှုကို
ကိုယ်ခံစားကြည့်ပါ။
(၄)
သူမရှိတော့ရင် ကိုယ်နေနိုင်သလား
တွေးကြည့်ပါ။
(၅)
သူ့နေရာမှာ ခဏ၀င်ပြီး
ကိုယ့်အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာကို ခံစားကြည့်ပါ။
ပြီးမှ စကားပြောပါ။
ကိုယ့်အပေါ်
နားလည်ပေးတဲ့သူတစ်ယောက်ကို
ကိုယ့်ဒေါသတွေကြောင့်
မဆုံးရှုံးပါစေနဲ့။
စိတ်သောက မရောက်ပါစေနဲ့။
တခြားတစ်ယောက်က
ပိုကောင်းနိုင်မလားဆိုတဲ့
မျှော်လင့်ချက်နဲ့ ကိုယ့်ဘေးနားမှာ တစ်သက်လုံးနားလည်ပေးခဲ့သူကို
မနာကျည်းပါစေနဲ့။
Posted via Blogaway
No comments:
Post a Comment