တအေးအေးလျှင်...
ချိုတေးသံသာ သီဆိုကာဖြင့်
နီဝါဆေးချယ် အရုပ်ငယ်ကို
ရင်ဝယ်ပွေ့ညှစ် ယုယချစ်သည်
ရင်နှစ် သမီး ငယ်ငယ်တကား ။
တတွေးတွေးလျှင်...
ရှေ့ရေး ရှေ့ဆီ မျှော်ကာရည်သော်
ရွှင်ကြည်ဝင်းပ သမီးလှဧ။်
မာတာ့အသွင် သားချော့အင်ကို
စိတ်တွင်ထင်ထိ မြင်ယောင်မိသည်
ပီတိ ငါလျှင် ဖြစ်သတည်း ။
ADMIN ~ Myo Naing ~
Posted via Blogaway
No comments:
Post a Comment