Sunday, January 24, 2016

ဗုဒ္ဓတရား အနှစ်ချုပ်

{   ဗုဒ္ဓ  တရား အနှစ်ချုပ် }

၁။ ဗုဒ္ဓ မြတ်စွာ၏ ဦးတည်ချက်ပန်းတိုင်ကား
     သံသရာ မှလွတ်မြောက်ပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုနှိုင်ရေးပင်ဖြစ်သည်။

၂။ သတ္တ၀ါ တို့သည် ယင်းနိဗ္ဗာန်သို့မရောက်
    သမျှ အပါယ်လေးဘုံ လူ့ဘုံ နတ်ခြောက်
    ဘ၊ုံ ရူပ ဗြဟ္မာ ၁၆ဘုံ ၊ အရူပဗြဟ္မာ ၄ဘုံ
    စုစုပေါင်း၃၁ဘုံ စကြ၀ဠာအနတ္တဟူသော
    သံသရာ အတွင်း၌ပြုအပ်သောကံအား
    လျော်စွာ ဘ၀သစ်ပြန်ဖြစ်သောအားဖြင့်
    တပြောင်းပြန်ပြန် လူးလား စုန်ဆန် ပြေး
    သွားကျင်လည်နေရသည်ဟု ဟောတော်
     မူသည်။

၃။ သံသရာလည်ရာ၌ ပဋိစ္စသမုပ္ပါဒ် စက်ရ
    ဟတ်ဖြင့် လည်ပတ်နေကြခြင်းဖြစ်သည်။
    သတ္တ၀ါများ အာသဝေါတရားကြောင့်တွေ
    ဝေမှု မောဟဟူသော အ၀ိဇ္ဇာဖြစ်၊ အ၀ိဇ္ဇာ
    ကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့်ဝိဉာဏ်
    ဖြစ်၊ ၀ိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်၊ နာမ်ရုပ်
    ကြောင့် အာယတနဖြစ်၊ အာယတန
    ကြောင့် ဖဿ      ဖြစ်၊ ဖဿ      ကြောင့် ဝေဒနာ
    ဖြစ်၊ ဝေဒနာ ကြောင့် တဏှာဖြစ်၊တဏှ
    ကြောင့်ဥပါဒါန်ဖြစ်၊ ဥပါဒါန် ကြောင့်ကမ္မ
    ဘ၀ဖြစ်၊ ကမ္မ ဘ၀ကြောင့် ဥပပတ္တိဘဝ
   နှင့် ဇာတိဖြစ်၊ ဇာတိကြောင့်ဇရာ မရဏ
    သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ      ဥပါယာ
    သ တို့ဖြစ်၊ ၄င်းတို့ဖြစ်ခြင်းကြောင့် အာသ
    ဝေါတရားပြန်ုဖြစ်၍ ပဋိစ္စ သမုပ္ပါဒ်သံသ
    ရာစက်ရဟတ်လည်ပတ်နေကြသည်ဟု
    ဟောတော်မူသည်။

၎။ လောကသည်..
က၊ သက်ရှိများသည် သတ္တလောက မည်၏။
ခ၊  သက်ရှိတို့နေရာ သက်မဲ့အရာများသည်
      သြကာသလောက မည်သည်။
ဂ၊ ယင်းသက်ရှိ ၊ သက်မဲ့လောက ၂မျိုးစလုံး
     တည်မြဲမှုမရှိဘဲ၊ ဖြစ်ပြီး ပျက်စီးယိုယွင်းရ
     ခြင်းသည် သခါင်္ရလောက မည်သည်။
     သက်ရှိ သက်မဲ့အားလုံးကိုဖျစ်ညှစ်စုစည်း
     ၍ ရေတွက်ကြည့်လျှင် ပရမတ္တ(အမှန်သ
     ဘော) အရ စိတ် စေတသိတ် ရုပ်နာမ်
     နိဗ္ဗာန် ဟူ၍ ၄မျိုးသာ ရှိသည်။

ဤသို့ သခါင်္ရလောက အဖြစ်ဖြင့် ဖြစ်ပြီးပျက်
စီးခံရသော သတ္တလောက သြကာသလောက ၂မျိုးလုံးသည် တနည်းအားဖြင့်စိတ်
စေတသိတ် ရုပ်ဟူသော ပရမတ္တတရား၃ပါး
သည် မမြဲခြင်း ဆင်းရဲ ခြင်း ပြုပြင်ခြင်းခံရသော တရားများဖြစ်၍ သင်္ခတ မည်ကုန်သည်။
    ပရမတ္တ တစ်ပါးဖြစ်သော နိဗ္ဗာန်ကား မပြု
ပြင်အပ် ပြုပြင်မခံရသော တရားဖြစ်၍
အသင်္ခတ  မည်သည်။

<ကမ္ဘာပတ်၍ ဘုရားရှာခြင်း >စာအုပ်မှကူးယူ၍ ဓမ္မ ဒါနပြုပါသည်။
ဗဟုသုတ များတိုးပွားကြပါစေ။

No comments:

Post a Comment