ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ လက်ထောက်ဆရာတော်၏ အဆုံးအမတော်
> > > > > > > > > > > > > > > > > > > > > > > > > > > > > > > > > > > > > >
- ဝိနည်းဆိုတာ သာသနာရဲ့ အသက်ပဲ၊ ဝိနည်းကို သင်ယူပါ၊ လေ့လာပါ၊ ပြီးလျှင် စဉ်းစားပါ။
- ရဟန်းသီလဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်တာနဲ့ တူပါတယ်။
- သာမန်လူတွေရဲ့ သီလက မြေပြင်ပေါ် လျှောက်ရတာလောက်ပဲ၊ လဲလျှင် သူက ဒူးပြဲရုံလောက်ပဲ။
- ကိုယ်က ကျတော့ ကြိုးတန်းအဆင့်ပေါ်က ပြုတ်ကျရင် ကျိုးမလား၊သေမလားပဲ။
- ဝိနည်းက များပေမယ့် စိတ်တစ်ခုတည်း ထိန်းရုံပါပဲလို့ ဘုရားကဟောတယ်။
- ဝိနည်းဆိုတာ တကယ်တော့ ဘုရားက သူ့သားတော်ဖြစ်တဲ့ သံဃာတော်တွေ အကျိုးအတွက် ထားခဲ့တာပဲ။ (ဝိနည်းမရှိတော့တဲ့နေ့ သာသနာကွယ်မှာပဲ)
- တကယ်တော့ သံဃာတော်တွေလည်း အလှူခံရတာဖြစ်သလို သူတောင်းစားတွေလည်း တောင်းရမ်းရတာပဲ၊ တောင်းတာချင်းတော့ အတူတူပဲ။
- ဒါပေမယ့် သူတောင်းစားကျတော့ တော်ရိရော်ရိ ပစ်ထည့်ကြပြီး သံဃာတော်တွေကျတော့ ဦးဦးဖျားဖျားကို ရိုရိုသေသေ ကပ်လှူကြရတယ်။
- ဘာကြောင့်လဲ? ဝိနည်းကြောင့်ပါပဲ။
- ဝိနည်းကြောင့် သံဃာတော်တွေဟာ ကြည်ညိုဖွယ်အသွင်ကို ဆောင်တာဖြစ်တယ်။
- ဒါကြောင့် ဦးပဉ္ဇင်းများကိုမှာမယ်။ လူတွေနဲ့ တူအောင် မနေပါနဲ့။
- လူတွေပေါ့ပေါ့စားသလို ပေါ့ပေါ့မစားနဲ့။
- လူတွေပေါ့ပေါ့နေသလို ပေါ့ပေါ့မနေနဲ့။
- လူတွေပေါ့ပေါ့ဝတ်သလို ပေါ့ပေါ့မဝတ်နဲ့။
- လူတွေပေါ့ပေါ့အိပ်သလို ပေါ့ပေါ့မအိပ်နဲ့။
- ပေါ့ပေါ့မတွေးနဲ့၊ ပေါ့ပေါ့မပြောနဲ့။
- လမ်းလျှောက်တာကအစ၊ ကြည့်တာကအစ လူတွေလိုမလျှောက်နဲ့၊ လူတွေလိုမကြည့်နဲ့။
- လူတွေနဲ့ တူသွားတာနဲ့ သူတို့ဘက်က အရိုအသေတန်သွားပြီသာမှတ်။
- သံဃာလိုတွေးပြီး သံဃာလိုသာ သက်ဆုံးတိုင် နေပေတော့။
- ဝိနည်းမလိုက်နာနိုင်လျှင် အကောင်းဆုံးက ဆက်မဝတ်ဘဲ လူထွက်ပေတော့။
- ဒါမှမဟုတ်လျှင်တော့ သံသရာမှာ အဆမတန် ခံရမှာပဲ၊ တခြား သံဃာကောင်းတွေကိုလည်း ထိခိုက်တတ်တယ်။
- အဲဒါတွေကို မမေ့ဘဲ လိုက်နာကြဖို့လိုတယ်။
(လူတွေကြည်ညိုတာ ရုပ်ကောင်ကြီးကို ကြည်ညိုတာမဟုတ် ဝိနည်းသီလကို ကြည်ညိုကြခြင်းဖြစ်သည်။ ဝိနည်းပျက်လျှင် ပျက်သလောက် အကြည်ညိုလည်း ပျက်လာကြမည်ဖြစ်သည်။)
No comments:
Post a Comment