မိတ်ဆွေစစ်ဆိုတာ
**********
မိတ်ဆွေစစ်ဆိုတာ.......
(၁)ပေးနိုင်ခဲတဲ့ပစ္စည်းကိုပေးတယ်။
(၂)ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ်။
(၃)သည်းခံနိုင်ခဲတဲ့အမှုကိုသည်းခံတယ်။
(၄)သူ့ရဲ့လျှို့ဝှက်ချက်ကိုဖွင့်ပြောတယ်တိုင်ပင်တယ် ။
(၅)မိမိလျှို့ဝှက်ချက်ကိုအခြားသူအားမပြောဘဲ လျှို့ဝှက်ထားတယ်။
(၆)ဘေးအန္တရာယ်ကြုံလာတဲ့အခါမိမိကိုမစွန့်ခွာဘူး။
(၇)ဥစ္စာကုန်ခန်းတဲ့အခါဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင်မပြုဘူး။
မိတ်ဆွေအတုအယောင်လေးယောက်...
(၁)မိမိထံမှပစ္စည်းငွေကြေးကိုယူပဲယူတတ်သူ၊ ပြန်မပေးတတ်သူ။
(၂)လက်တွေ့မပါစကားနဲ့ပဲပေးတတ်သူ။
(၃)မှန်မှန်မှားမှားအကြိုက်ကိုပဲလိုက်ပြီးပြောတတ်သူ ။
(၄)ဘ၀ပျက်စီးကြောင်းတွင်အပေါင်းအသင်းဖြစ်သူ။
(၁)ယူပဲယူတတ်တဲ့မိတ်ဆွေရဲ့သဘော သဘာဝမှာ....
မိမိကိုနည်းနည်းပေးပြီးမိမိဆီက များများပြန်ရချင်တယ်။ သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ်။ သူ့ကိုယ်ကျိုးအတွက်ပဲပေါင်းသင်းတယ်။
(၂)စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ.... လွန်ပြီးတဲ့အရာနဲ့ချီးမြှောက်တယ်။ မဖြစ်သေးတဲ့အရာနဲ့ချီးမြှောက်တယ်။ အချီးအနှီးဖြစ်တဲ့လောကွတ်စကားနဲ့ချီးမြှောက်တယ် ။ ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ်။
(၃)အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ.... မကောင်းမှုလုပ်တာကိုလဲခွင့်ပြုတယ်။ ကောင်းမှုလုပ်တာကိုလဲခွင့်ပြုတယ်။ မိမိရှေ့တွင်မိမိကိုချီးမွမ်းပြောဆိုတယ်။ မိမိကွယ်ရာတွင်မိမိမကောင်းကြောင်းကိုပြောတယ်။
(၄)ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ.... သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။ အချိန်အခါမဲ့လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။ ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ်။ လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
mrcopy2110.blogspot.com
No comments:
Post a Comment