သမ္ဗုဒ္ဓေဂါထာအကြောင်းသိကောင်းစရာ
အန္တရာယ်ကင်းပါထာများအကြောင်း ရေးသားကြသော ဆောင်းပါးတို့တွင်
အထင်ရှားဆုံးမှာ သမ္ဗုဒ္ဓေဂါထာပင်ဖြစ်ပါသည်။ ထိုဂါထာနှင့်ပက်သက်၍
မေးသူမြန်းသူ ဆွေးနွေးသူတို့ များလှသဖြင့် စာရေးသူအနေနှင့် အကြိမ်
များစွာပင် နှုတ်ဖြင့်လည်ကောင်း၊ စာဖြင့်လည်းကောင်း ဆွေးနွေးခဲ့ ရေး
သားခဲ့ဖူးလှပါပြီ။ ယခုမှ ရိုးရိုးသမ္ဗုဒ္ဓေ ဂါထာသာမက နောက်ပေါ်သမ္ဗုဒ္ဓေ
များအကြောင်းပါ ဆွေးနွေးလာသဖြင့် အတန်ငယ် ကျယ်ကျယ်ပြန့်ပြ န့်
ဖြေကြားလိုပါသည်။
သမ္ဗုဒ္ဓေဂါထာမှာ သီဟိုဠ်သမ္ဗုဒ္ဓေဂါထာ၊ မြန်မာသမ္ဗုဒ္ဓေဂါထာ ဟူ၍ စာပေ
တွင် နှစ်မျိုးထင်ရှားခဲ့ရာ မြန်မာလူမျိုးတိ နှုတ်တက်ရနေသော ” သမ္ဗုဒ္ဓေ
အဋ္ဌ၀ီ သဉ္စ” စသော ဂါထာမှာ မြန်မာ သမ္ဗုဒ္ဓေဂါထာ ဖြစ်ပါသည်။ မြန်မာ
သမ္ဗုဒ္ဓေဂါထာ ဆိုသည့်အတိုင်း မြန်မာပညာရှိ ရဟန်းတော်တစ်ပါး စီကုံး
ရေးသားခဲ့သောဂါထာဖြစ်ကြောင်းနှင့် ပုဂံခေတ် တထာဂတုပတ္တိကျမ်း၏
ပဏာမဂါထာဖြစ်ကြောင်း သိရပါသည်။
ထို သမ္ဗုဒ္ဓေဂါထာမှာ မူလက သင်္ချေနှစ်ဆယ်အတွ င်းရှိ ဘုရားပေါင်း
ငါးသိန်းတစ်သောင်းနှင့် နှစ်ထောင်ခန့် နှစ်ကျိပ် ရှစ်ဆူကိုသာ ရှိခိုးသော
ဂါထာဖြစ်၍
သမ္ဗုဒ္ဓေအဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စသဟဿကေ၊ ပဉ္စသတသဟဿာနိ၊ နမာမိ
သိရသာမဟံ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန၊ နမာမဟံ။
ခြောက်ပါဒ တစ်ဂါထာ ဘုရားရှိခိုးနှင့် နမက္ကာရာ နုဘာဝေန စသော
ဆုတောင်းတစ်ဂါထာ ထားရှိလေသည်။ ၄င်းမှာလည်း စိန္တိတံ သတ္တ
သင်္ချေယံ စသော သောတတ္ထကီ ကျမ်းလာအရ စိတ်ဖြင့် ဆုတောင်း
သော ခုနှစ်သင်္ချေ၊ နှုတ်ဖြင့်ဆုတောင်းသော ကိုးသင်္ချေ၊ ကိုယ်နှုတ်
နှစ်ပါးဖြင့် ဆုတောင်းသော လေးသင်္ချေ၊ သုံးရပ်ပေါင်း သင်္ချေနှစ်
ဆယ်မျှကိုသာ ရည်ရွယ်၍ ထိုသင်္ချေနှစ်ဆယ်အတွင်း၌ ပွင့်ခဲ့သော
ဘုရားပေါင်းကိုသာ ဖော်ပြရေးစီထားခဲ့ခြင်း ဖြစ်လေသည်။
ထို သမ္ဗုဒ္ဓေဂါထာမှာ လွန်စွာ လူကြိုက်များ၍ အသုံးတွင်ကျယ်လေရာ
ထို့နောက်တစ်ခေတ်(အင်းဝခေတ်)လောက်တွင် စိန္တိတံ သတ္တသင်္ချေ
ယျ စသော ဂါထာလာရှိရာ သောတတ္တကီကျမ်းမှာ သံဂါယနာဝင်ကျမ်း
မဟုတ်သဖြင့် ခိုင်ခံ့မှုမရှိ၊ ရှေးရှေးဘုရားတို့ဆိုလျှင် သင်္ချေနှစ်ဆယ်မျှ
သာဆို၍ အားလုံးမနှံ့စပ်၊ သံဂါယနာတင်ကျမ်းများ အလို ဂင်္ဂါဝါဠု သဲစု
မက ပွင့်တော်မူခဲ့သော ဘုရားများကိုထည့်မှသာ အားလုံး နှံ့နိုင်ပေမည်
ဟုဆိုကာ မူလဂါထာတွင် “အပ္ပကာ ၀ါဠုကာ၊ အနန္တာ နိဗ္ဗုတာ ဇိနာ"
ပါဒနှစ်ခု (ဂါထာဝဂ်) ထပ်တိုးကာ ဂင်္ဂါဝါဠုသဲစုမက များစွာသော ဘုရား
ရှင်တို့နှင့် တရားတော် သံဃာတော်တို့အား ရှိခိုးသင့်သည်ဟု ဆိုကုန်၏။
ဂေါတမမြတ်စွာဘုရားအလောင်း တိလောက ၀ိဇယစကြာ မင်းကြီးသည်
ဘုရားအနည်းငယ်သာ ရှိခိုးရ၊ လှူဒါန်းရသည်ကို အားမရ၍ သူ့စိတ်အကြံ
အစည်ဖြင့် စကြ၀ဠာတိုက်အပြည့် ဘုရားများကို သီတင်းသုံးစေ၍ ရှိခိုးတော်
မူခဲ့ သည်။ ဥပမာ သမ္ဗုဒ္ဓေဂါထာတွင် သင်္ချေနှစ်ဆယ်အတွင်း ပွင့်ကုန်ုသော
ဘုရားများကိုသာမက ဂဂါင်္ဝါဠုသဲစုမက များပြားလှစွာသော ဘုရားများကို
ရှိခိုးရသဖြင့် ဗုဒ္ဓဘာသာသက်ဝင်သူတိုင်း လွန်စွာ အားပါးတရ ၀မ်းမြောက်
ဝမ်းသာဖြစ်ရပေသည်။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာသည် အစဉ်အလာအရ
ဂါထာသုံးပုဒ် အပြည့်အ၀ဖြစ်၍ နေပေသည်။
သမ္ဗုဒ္ဓေဂါထာသုံးပုဒ်လုံးသည် ဆန်းကျမ်းအရ ရှစ်လုံးဘွဲအကောင်းဆုံး
ဂါထာဖြစ်သော ယဇ"ယဇပထျာဝတ္တ ဂါထာမျိုးဖြစ်၍ ရွတ်ဆိုရန် အကောင်း
ဆုံးဂါထာမျိုးဖြစ်ပါသည်။
အကြောင်းအရာမှာလည်း ပထမဂါထာအရ သဗ္ဗညုမြတ်စွာ ဘုရားပေါင်း
ငါးသိန်းနှစ်သောင်း တစ်ထောင်နှစ်ကျိပ် ရှစ်ဆူကို စိတ်တွင်း နှလုံးတွင်းဝယ်
ထည့်သွင်းရိုကျိုး၍ ရှိခိုးရခြင်း၊ ဒုတိယဂါထာအရ ဂင်္ဂါဝါဠု သဲစုမက အလွန်
တရာ များပြားလှစွာသော ငါးမာရ်အောင်မြင ဘုရားရှင်တို့အား ရိုသေမြတ်
နိုးခြင်းနှင့် ထိုရှိခိုးရသော တန်းခိုးအာနုဘော်တို့ကြောင့် ဥပဒ္ဒဝေါများစွာ
ဘေးဘယာအသွယ်သွယ် အန္တရာယ်ဟူသမျှတို့မှ ကင်းရပါစေကြောင်း
ဆုတောင်းထားခြင်းဖြစ်၍ အဓိပ္ပါယ်အလိုကပင် အလွန်တရာ ကောင်းမွန်
ထူးမြတ်၍ နေပါသည်။
စီကုံးထားသော စာလုံးအက္ခရာများကလည်း ၀ံသ( အက္ခရာ အမျိုးအနွယ်)
အနေအားဖြင့် အကောင်းဆုံးအနေအထား တွင်ရှိပါသည်။ စတင်စီကုံးခဲ့သော
ဆရာကိုယ်တိုင်က အထူးရွေးချယ်၍ စီကုံးထားသည့်အလား အများအားဖြင့်
အက္ခရာတိုင်းလိုလို ၀ံသကောင်း ၀ံသထူးများဖြင့် ဖူးပွင့်၍ နေသည်ကိုသာ
တွေ့ရပေသည်။ ထိုသုံးဂါထာတွင် တစ်ဂါထာ တစ်ဂါထာ၌ အက္ခရာ (၃၂)
လုံးစီနှင့် သုံးဂါထာတွင် အက္ခရာ (၉၆) လုံးပါဝင်ရာ အက္ခရာ ၅ လုံးမှလွဲ၍
အက္ခရာ ၉၁လုံးမှာ ၀ံသကောင်းများသာ ဖြစ်သည်ကို တွေ့ရပေသည်။
ယင်းကို စဉ်းငယ်သိသာရုံမျှ ချဲ့၍ ရေးပါဦးမည်။
ဂါထာပေါင်း မည်မျှပင်ဖွဲ့ဖွဲ့ အက္ခရာစာလုံး (၄၁) ထက်မပိုနိုင်၊ ပိဋကတ်သုံးပုံ၌
စာလုံးပေါင်းမည် မျှရှိသနည်းဟူသော အမေးကို ”ပိဋကတ္တယံပိ ပတွာ နက္ခရန္တိ
နခီယန္တီတိ အက္ခရာ ” ဟူသော စကားအရ ပိဋကတ်သုံးပုံမှာလည်း အက္ခရာ
(၄၁) လုံးသာရှိသည်ဟု ဖြေရသကဲ့သို့ပင်ဖြစ်ပါသည်။ ယင်း(၄၁) လုံးသော
အက္ခရာတို့ကိုလည်း ၀ဂ်(အစု) အက္ခရာ၊ အ၀ဂ်(အစုမရှိ) အက္ခရာ အနေအား
ဖြင့် ဆိုသော် သရရှစ်လုံးက အစ အဆုံး (၄၁) လုံးကို တူရာစုပေါင်းလိုက်သော
(၁၃) လုံးသာ ရှိသည်ဟု ဆိုပေသည်။
၎င်းမှာ က၊ စ၊ ဋ၊ တ၊ ပ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဠ၊ ဟ၊ အ ဟူသော ၁၃ လုံးသာပင်။
ဤ ၁၃ လုံးတွင် က၀ဂ်(က၊ ခ၊ ဂ၊ ဃ၊ င) ၅ လုံးသည် ခတ္တိယ၀ံသ မင်းမျိုး
အက္ခရာများဖြစ်ကြပါသည်။ သမ္ဗုဒ္ဓေ(၃) ဂါထာတွင် မင်းမျိုးအက္ခရာပေါင်း (၈)
လုံးပါဝင်ပါသည်။ စ၀ဂ်(စ၊ ဆ၊ ဇ၊ ဈ၊ ည) ငါးလုံးသည် ဗြဟ္မဏ၀ံသ ပုဏ္ဏားမျိုး
အက္ခရာများဖြစ်ကြပါသည်။ သမ္ဗဒ္ဓေသုံးဂါထာတွင် ဗြဟ္မဏ၀ံသ အက္ခရာ ငါးလုံး
ပါဝင်ပါသည်။ ဋ၀ဂ်( ဋ၊ ဋ္ဌ၊ ဍ္ဍ၊ ဎ၊ ဏ) ငါးလုံးသည် ဝေဿ၀ံသ ကုန်သည်မျိုး
အက္ခရာများဖြစ်ကြပါသည်။ ဤ ၃ ဂါထာ၌ ၁ လုံးပါဝင်ပါသည်။ တ၀ဂ်( တ၊ ထ၊
ဒ၊ ဓ၊ န) ငါးလုံးသည် ဒေ၀၀ံသ နတ်မျိုး အက္ခရာဖြစ်၍ ၃ ဂါထာတွင် ၂၇ လုံးပင်
ပါဝင်ခဲ့ပေသည်။
ပ၀ဂ်( ပ၊ ဖ၊ ဗ၊ ဘ၊ မ) ငါးလုံးသည် ဗြဟ္မ၀ံသ ဗြဟ္မာမျိုး အက္ခရာများဖြစ်ပါသည်။
ဤ ၃ ဂါထာတွင် ၁၂ လုံးပါဝင်ခဲ့ပေသည်။ ထို့နောက် အ၀ဂ်အက္ခရာများဖြစ်၍
ယ အက္ခရာသည် သုဒ္ဒ၀ံသ ဆင်းရဲသားမျိုးဖြစ်သည်။ သမ္ဗဒ္ဓေုသုံးဂါထာတွင်
တစ်လုံးသာပါဝင်သည်။
ရ အက္ခရာသည် အပါယ၀ံသ အပါယ်ဇာတိဝံသမျိုးဖြစ်သည်။ ဤ ၃ ဂါထာ၌
၎ လုံးပါဝင်ပါသည်။
ဝ အက္ခရာသည် သောတပတ္တိဝံသ သောတာပန်မျိုး အက္ခရာဖြစ်၍ ဤ ၃ ဂါထာ
တွင် ၁၆ လုံးပါဝင်ပါသည်။
သ အက္ခရာသည် သကဒါဂါမိဝံသ သကဒါဂါမ်မျိုးဖြ စ်၍ ဤ ၃ ဂါထာတွင် ၁၆ လုံး
ပါဝင်ပါသည်။
ဿ အက္ခရာသည် အနာဂါမိဝံသ အနာဂါမ်မျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၃ လုံး
ပါဝင်ပါသည်။
ဠ ကြီး အက္ခရာသည် အရဟန္တ၀ံသ ရဟန္တာမျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၁ လုံး
ပါဝင်ပါသည်။
အ အက္ခရာသည် ပစ္စေကဗုဒ္ဓ၀ံသ ပစ္စေကဗုဒ္ဓမျိုြး ဖစ်၍ ဤ ဂါထာတွင် ၇ လုံး
ပါဝင်သည်။
ဤကား မြန်မာပြည်ဖြစ် သမ္ဗုဒ္ဓေဂါထာကို စိစစ်ပြခြင်းပင် ဖြစ်တော့သည်။
မြန်မာတို့နှင့် ထေရ၀ါဒချင်း တူမျှသော သီဟိုဠ်( သီရိ လင်္ကာ)၌ ထင်ရှားသော
သမ္ဗုဒ္ဓေဂါထာတော် အကြောင်းကို တင်ပြဖော်ဆိုလိုပါသေးသည်။
ထို သီဟိုဠ်သမ္ဗုဒ္ဓေဂါထာသည်လည်း သောတ္ထကီကျမ်းလာ သင်္ချေနှစ်ဆယ်တွင်
ပွင့်တော်မူကြသည့် ဘုရားရှင်တော်ပေါင်း ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်
ရှစ်ဆူ ကိုပင် ပုံစံတစ်မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
၎င်းမှာ ၈ လုံးတွဲ ဂါထာမျိုးမဟုတ်။ ၁၂ လုံးဘွဲ့ ဣန္ဒ၀ံသ ဂါထာမျိုးဖြင့်ဖွဲ့၍ အက္ခရာ
သင်္ချာဖြင့် စိန္တိတံ သတ္တသင်္ချေယျံအရ ဂါထာအတိုင်း စိတ်ဖြင့် ဆုတောင်းစဉ်၊ ခုနှစ်
သင်္ချေအတွင်း၌ ဖူးတွေ့ရသောဘုရားများ၊ နှုတ်ဖြင့်ဆုတောင်းစဉ် ကိုးသင်္ချေအတွင်း၌
ဖူးတွေ့ရသော ဘုရားများ၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးဖြင့် ဆုတောင်းစဉ် လေးသင်္ချေ
ကမ္ဘာတစ်သိန်းအတွင်း၌ ဖူးတွေ့ရသော ဘုရားများကို ဖော်ပြ၍ လေးရပ်ပေါင်း ငါးသိန်း
တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူသော ဘုရားရှင်တို့ အား ရှိခိုးကြောင်း ဆိုထား
ပေသည်။
မြန်မာဂါထာကဲ့သို့ သမ္ဗုဒ္ဓေဟုအစ မဆိုထားသော်လည်း မြန်မာတို့က သီဟိုဠ်သမ္ဗုဒ္ဓေ
ဂါထာဟုပင် ခေါ်ကြသည်။ ၄င်း ဂါထာမှာ
ဗုဒ္ဓါ အနုန္နာမရိယာ သုသင်္ခေယ၊
ဗုဒ္ဓါ အနုန္နာမရိယာ ဓိသင်္ခယေ၊
ဗုဒ္ဓါ ရိယဃေ ဗကုလက္ခကပ္ပေ၊
ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။ ဟူ၍ ဖြစ်ပါသည်။
( အနက်ကို မဖော်ပြတော့ပါ)
ထို့နောက် ပြဿနာရှင်မေးမြန်းထားသော အရှေ့ကျွန်း သမ္ဗုဒ္ဓေ၊ အနောက်ကျွန်း သမ္ဗုဒ္ဓေ၊
မြောက်ကျွန်း သမ္ဗုဒ္ဓေ တို့အကြောင်း အမြွက်မျှ ဖော်ပြပါဦးမည်။
ထို သမ္ဗုဒ္ဓေဂါထာပေါ်ပေါက်လာပုံမှာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က မိုးညှင်းမြို့
အရှေ့ကျောင်းသို့ တည်တောဆရာတော်(စာရေးဆရာအမည် ထီးချိုင့်နတ်စိုး ခေါ်
ထီးချိုင့်မိုးန တ်ရှင် ခေါ်) ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ ရောက်ခဲ့စဉ်ကျော င်းနှင့်မတူလောက်
အောင် အစစ ချို့တဲ့နေကြောင်း တွေ့မြင်ရပြီး နောက်နှစ် ၂၀ ခန့်အကြာ ဒုတိယ
အခေါက် ထပ်မံရောက်ရာ၌ ယခင်ကနှင့်မတူ တိုက်ဆာအဆောက်အအုံများဖြစ်
နေသဖြင့် မေးမြန်းကြည့်ရာ
” တောရကျောင်း တစ်ကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါး သမ္ဗုဒ္ဓေ( ရိုးရိုး)
ဂါထာကို အမြဲရွတ်ကြောင်း၊ တစ်ညတွင် ရုက္ခစိုးနတ်က သမ္ဗုဒ္ဓေဂါထာများ
နတ်ဝှက်ထားသေးကြောင်း၊ ထိုဂါထာများကိုပါ ရွတ်ပါဟုဆိုကာ အရှေ့ကျွန်း၊
အနောက်ကျွန်း၊ မြောက်ကျွန်း၊ သမ္ဗုဒ္ဓေဂါထာများ ကို သင်ပေးသွားကြောင်း၊
ထိုတောရဘုန်းကြီးသည် ယင်း သမ္ဗုဒ္ဓေဂါထာများကိုပါ နေ့စဉ်ရွတ်ပွား၍
ဘုန်းတန်ခိုးလာဘ်သပ်ပကာ ကြီးမားလာကြောင်း၊ ယင်း ဂါထာများကို ရရှိ
ရွတ်ဆိုသဖြင့် မိုးညှင်းမြို့ အရှေ့ကျောင်းဆရာ တော်ကြီးလည်း တစ်နေ့
တခြား ဘုန်းတန်ခိုး ကြီးမလာကြောင်း ဆောင်းပါး တစ်ပုဒ် ရေးသား၍ ဤ
သမ္ဗုဒ္ဓေဂါထာများကို ဖော်ပြထားပါသည်။
ထိုဂါထာများမှာ မူလ သမ္ဗုဒ္ဓေ(၄င်းကို တောင်ကျွန်း သမ္ဗုဒ္ဓေဟု အမည်ပေးသည်)
ကဲ့သို့ ဘုရားရှင်ပေါင်း ငါးသိန် တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူနှင့် ဂဂ်ါဝါဠု
သဲစုမက ဘုရားတို့အား ဖွဲ့ဆို ရှိခိုးမှုမပါ၊ နှစ်ကျိပ်ရှစ်ဆူ နှစ်ကျိပ်ငါးဆူ စသည်များ
ကို ရှိခိုးကြောင်းနှင့် ၂ ဂါထာ၊ ၃ ဂါထာ တို့သာရှိပြီး အချို့ ပါဠိသဒ္ဒါ မမှန်မကန်
ဂါထာပိုဒ် မပြည့်စုံသဖြင့် ရှိနေကြသည်ကို တွေ့ရသည်။ မူလ သမ္ဗုဒ္ဓေဂါထာကဲ့သို့
စနစ်တကျ မရှိလှပေ။
http://mrcopy2110.blogspot.com
No comments:
Post a Comment