Thursday, January 21, 2016

ကိုယ့်ကို ကိုယ် အထင်မသေးနဲ့

ကိုယ့်ကိုကိုယ်အထင်မသေးနဲ့ 
-------------------------

ဆုကြီးပန်လည်းမဟုတ်ဘူး
ပဉ္စာနန္ဒရိက ကံလည်းမထိုက်ဘူးဆိုရင်

အဲဒါ သာဝကအင်္ဂါပဲ

ဒီဘဝ မှာတင် ကျွတ်နိုင်တယ်

ကိုယ့်ကိုကိုယ် ဒွိဟိတ်လား တိဟိတ်လား
စဉ်းစားမနေနဲ့  ပါရမီပြည့်မှ တရားရနိုင်တာ
မှန်ပေမဲ့ သာသနာနဲ့ ကြုံတွေ့ တာရယ်
လူဖြစ်တာရယ် နှစ်ခုနဲ့ တင် ပါရမီရှင်ဖြစ်နိုင်တယ်

ဒီဘဝမှာ ပင်ပမ်းကြမ်းတမ်းယုံနဲ့ တရားထူးရဖို့ 
ကံမပါနိုင်ဘူးဆိုပြီး ကကိုယ့်ကိုကိုယ်အထင်
မသေးကြနဲ့ 

သဲအင်းဂူဆရာတော်ကြီးဟာ သားမယား
တွေနဲ့ ပဲ လူဆိုးကြီး ဒါပေမဲ့ အရိယာဖြစ်သွားတယ်

စွန်းလွန်းဆရာတော်ဘုရားကြီးဟာလည်း
မိန်းမရှိတယ် သားသမီးရှိတယ် လောကီမှာ
နေခဲ့တာပဲ တရားကျင့်လိုက်တာနဲ့ ပဲ ရဟန္တာဖြစ်
သွားခဲ့တာ

နောက်ပြီး စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့တပည့်ပဲ
လူအမည် ဦးမြမောင် လူခဏခဏသတ်တယ်
မယား ၇ ယောက်ရှိတယ် ထောင်ခဏခဏ
ကျတယ်  ဒါပေမဲ့ ရဟန်းဝတ်ပြီးတရားအားထုတ်လိုက်တာ
၇ ရက်တည်းနဲ့ ရဟန္တာဖြစ်သွားတယ်

အနာဂါမ်ဆရာသက်ကြီးဟာလည်း သားမယား
တွေရှိတာပဲ ဒါပေမဲ့ အရိယာဖြစ်ခဲ့တာပဲ

ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အထင်မသေးကြပဲနဲ့ 
တရားကို ကြိုးကြိုးစားစားသာ ကျင့်ကြပါ
လူဝတ်ကြောင်ပဲဖြစ်ဖြစ် ရဟန်းဝတ်ပဲဖြစ်ဖြစ်
တရားထူးဆိုတာ ကျင့်တဲ့သူကိုသာ ရစေတာပါ
သတ်မှတ်ချက်မရှိပါဘူး

တကယ်လို့ ပါရမီ မပြည့်တဲ့သူဖြစ်ခဲ့ရင်တောင်
အဲဒါ တရားထူးရဖို့  အကြောင့်အထောက်အပံ့
ဖြစ်ပြီး တနေ့ မှာ တရားရဖို့ ထောက်အပံ့
ဖြစ်ပါလိမ့်မယ်

No comments:

Post a Comment