Friday, January 22, 2016

ရှင်သိစေချင်တယ်

ရှင်သိစေချင်တယ်
~~~~~~~~~~~~

စိတ်မပါတော့ရင်လည်းပြောပေါ့ရှင်ရယ်--

အနှောင်အတွယ်မပါတဲ့ အပြုအမူတွေနဲ့ ကျွန်မကိုဆက်ဆံရေးတွေကျဲဖို့မလိုပါဘူးကွယ်။

ကျွန်မဆိုတဲ့မိန်းမကကိုယ့်ကိုမကြည်ဖြူနိုင်တော့တဲ့ယောက်ျားတစ်ယောက်ကိုအတင်းဖက်တွယ်

ထားလောက်အထိမသိမ်ဖျင်းသေးပါဘူး။

မချစ်တော့ဘူးဆိုရင်လည်းပြောပေါ့ရှင်ရယ်---

အနှစ်မပါတော့တဲ့ အပေါ်ယံသကာစကားတွေနဲ့ကျွန်မကိုနှစ်သိမ့်နေစရာလိုပါဘူးကွယ်။

ကျွန်မဆိုတဲ့မိန်မကကိုယ့်ကိုစိမ်းကားနေတဲ့ယောက်ျားတစ်ယောက်ကိုစိတ်ဓာတ်တွေတိမ်းပါး

သွားလောက်အထိစွဲလမ်းမနေတတ်ပါဘူးကွယ်။

မေတ္တာမထားနိုင်တော့ရင်လည်းပြောပေါ့ရှင်ရယ်----

ကျွန်မပြောသမျှကိုရှင်သဘောမကျဖြစ်နေမှတော့ ဟန်ဆောင်ပြီးလျှောချမနေပါနဲ့တော့ကွယ်။

ကျွန်မဆိုတဲ့မိန်းမက ကိုယ့်ကိုဂရုမစိုက်ချင်တော့တဲ့ယောက်ျားတစ်ယောက်ကို ကောက်ကောက်

ပါအောင်တပ်မက်နေတတ်တဲ့သူမှမဟုတ်ဘဲကွယ်။

သစ္စာတွေမတည်နိုင်တော့ရင်လည်းပြောပေါ့ရှင်ရယ်-----

ချစ်စရာအတီအတာလေးတွေနဲ့ရှင်ပျော်မွှေ့နေမှတော့ ကျွန်မအနားကပစ်ခွာသွားချင်တာက

သဘာဝကျပါတယ်ကွယ်။ကျွန်မဆိုတဲ့မိန်းမက ယောက်ျားတစ်ယောက်ကိုပိုးစိုးပက်စက်သဘော

ကျလောက်အောင် မူယာမာယာတွေနဲ့ မချွဲနွဲ့တတ်တဲ့သူပဲကွယ်။

(ကျွန်မအနား)မပျော်တော့ဘူးဆိုရင်လည်းပြောပေါ့ရှင်ရယ်----

ရှင်လာမလားမျှော်နေရတာနဲ့ပဲ ကျွန်မမှာမျှော်တောင်ယောင်ဘွဲ့ပဲအဖတ်တင်တော့မယ်။

တော်ရာမှာကျွန်မကိုထားပြီး ပျော်ရာမှာနေတဲ့ရှင်က ဘယ်လိုအလိမ်အညာစကားတွေနဲ့များ

ကျွန်မကိုတော်ကီတွေပွားဦးမှာလဲကွယ်။

ရပါတယ်ရှင်ရယ်---

ကျွန်မကိုမကြင်နာချင်တော့ဘဲနဲ့လည်း ရင်နာနာနဲ့ ဆက်တွဲမနေပါနဲ့။ကျွန်မဆိုတဲ့မိန်းမက

လိပ်ပြာမသန့်တော့တဲ့ယောက်ျားတစ်ယောက်ကိုစွန့်ပစ်လိုက်ရုံနဲ့ ထိတ်ထိတ်ပြာပြာ ပြိုလဲ

သွားမယ့်သူမှမဟုတ်ဘဲကွယ်။

ရှင်သိစေချင်တယ်----ရှင်ရယ်။

ရှင်တို့ကပျော့ညံ့တယ်လို့ သတ်မှတ်သမုတ်ထားတဲ့ ကျွန်မတို့မိန်းမသားတွေက တကယ်ပြတ်

သားပြီဆိုရင် ရှင်တို့ယောက်ျားတွေထက်အပြန်တစ်ရာမကသာပါတယ်။

သိက္ခာတရားအတွက်ဆိုရင်အသက်ကိုတောင်မငဲ့ကွက်တတ်တဲ့ကျွန်မတို့မိန်းမသားတွေကရှင်

တို့တွေတကယ်ထွက်သွားမယ်ဆိုရင်အချစ်တွေကိုပါတစ်ခါတည်းအဆစ်ထည့်ပေးလိုက်မယ်။

ရှင်တို့နဲ့ထိုက်တန်တဲ့နေရာမှာပဲပျော်ပျော်နေပေါ့ကွယ်
                                                                                       credit>>မနောဖြူ

No comments:

Post a Comment