အမေများနေ့အကြောင်း သိကောင်းစရာ
*********
အမေများနေ့ဟာသမိုင်းဝင်အမှတ်တရ ဖြစ်တဲ့နေ့လေးတစ်နေ့လို့ဆိုရမှာပေါ့။
ဒါကြောင့် အမေများနေ့ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာ ကိုဗဟုသုတ အနေဖြင့်ရေးသားပေးလိုက်ရပါတယ်။
အမေများနေ့ကိုဂရိလူမျိုးတွေRhea လို့အမည်ရတဲ့ နတ်သမီးကိုပှုဇော်ရာမှစခဲခြင်းဖြစ်တယ်လို့သိရပါ တယ်။
ရောမခေတ်တွေမှာလည်းကျင်းပခဲ့ကြောင်း သိရပါတယ်။
၎င်းပွဲမှာမယ်တော်Magna Mater လို့အမည်တွင်သောနတ်ကိုပှုဇော်တာပဲဖြစ်ပါတယ်။
ပှုဇော်ပွဲများကိုဘီစီ၂၅ဝခုနှစ်ကစခဲ့တယ်လို့သမိုင်း မှတ်တမ်းများအရ သိရပါတယ်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံအမများနေ့ပွဲကိုကျင်းပ တာခြင်းမတူညီကြဘူးလို့သိရပါတယ်။
ဥပမာပြော ရမယ်ဆိုရင်နော်ဝေနိုင်ငံမှာဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီးအာဖရိကကမေလမှာကျင်းပ ကြတယ်လို့သိရပါတယ်။သြစတေးလျှနဲ့ ဘယ်လ်ဂျီယံနိုင်ငံများမှာဆိုရင်တော့မေလ ဒုတိယပတ်တနင်္ဂနွေနေ့မှာကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ဇန်နဝါရီလ၁၅ ရက်နေ့မှာကျင်းပကြတယ်လို့ဆိုရမှာပေါ့။
အမေများနေ့ဟာအနောက်နိုင်ငံများမှဆင်းသက် လာတာဖြစ်ပြီးယနေ့ဆိုရင်ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ပါပြီ။
ဒါကြောင့်အမေများနေ့ကိုရောက် သည်ဖြစ်စေမရောက်သေးဘူးဖြစ်စေသင့်အတွက် ကတော့အမေဟာအမြဲတန်းလိုအပ်နေပါတယ်။
ဒါကြောင့်သင့်ဘဝဟာသင့်အမေဖြစ်သလိုသင့် အမေဟာသင့်ဘဝဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင်ဘဝဟာလည်းမရှိနိုင်တော့ပေ။
စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်းစေတနာတစ်ခုပါ....။
No comments:
Post a Comment