မေမေဆူချင်ဆူပါစေတော့
==================================
ဈေးဗန်းခေါင်းရွက် ခြေတိုအောင်လျှောက်
ဝယ်ကြမလား သံစာစာနဲ့ အော်ခဲ့ရတာများနေပြီ
ဝယ်ဈေးဘယ်မို့ ရောင်းဈေးဘယ်လို မှာတမ်းခြွေလို့
မေမေ့စကား နေ့ညကြားခဲ့ ဘဝသမားလူတန်းစားတဲ့
ရောင်းလို့မကုန် ဝယ်သူကွေကွင်း ငါ့ဈေးဗန်းလေး
ရောင်းမကုန်ရင်တော့ မေမေဆူမှာစိုးရသည်
မေမေ့အဆူ မပူနိုင်ဘူး ဘဝကျောမွဲလူစားထဲမှာ
ငါလည်းတူတူ ငါ့ထက်ဆိုးသူ ငါလှူမယ်
ယတိဆုံးဖြတ်သုံးသပ်တွေးပူ သူတို့အပူ ငါလှူရမယ်
ငါ့လိုလူပေါင်းထောင်သောင်းစုရင်သူတို့ဘဝအေးချမ်းမယ်
ကောင်းမူ့ကိုပြု ကြောင်းခုရှိက ကိုယ်တွေ့ကြုံလည်း
ကူကယ်ရာပေါ် လာဘ်မမျော်လည်းရတတ်သည်တဲ့
သဒ္ဒါစိတ်က ယိုဖိတ်စင်ကျ တားမရလို့လှူခဲ့မိပြီ
မေမေ ဆူချင်ဆူပါစေတော့....
mrcopy2110.blogspot.com
No comments:
Post a Comment