နိဗ္ဗာန်ဟု---ဆိုရာဝယ်
**********
သံသရာ.....သံသရာဆိုသည်ကား တစ်ယောက်တစ်ယောက်သော သတ္တ၀ါဟု ခေါ်ဆိုအပ်သော ခန္ဓာ၊အာယတန၊ဓာတ် တို့၏ အနမတဂ္ဂသံသရာကာလမှာဘ၀အဆက်ဆက်၊ ကမ္ဘာအဆက်ဆက်အားဖြင့်မပြတ်မလပ် ဆက်လက်ဖြစ်ပွားနေသော အစဉ်သည် သံသရာမည်၏။သံသရာကို ထပ်မံ ပိုင်းဖြတ်လိုက်ရင် ထိုသံသရာသည်အောက်သံသရာအလယ်သံသရာ အထက်သံသရာ ဟူသောသုံးကြောင်းသုံးသွယ်ရှိ၏၊ ထိုတွင်အောက်သံသရာဆိုသည်ကား.. အပယ်လေးဘုံနယ်ပယ်ကြီးသည် အောက်သံသရာမည်၏။ အလယ်သံသရာဆိုသည်ကား....လူ့ပြည်၊ နတ်ပြည်ခြောက်ထပ်သည် အလယ်သံသရာမည်၏။ အထက်သံသရာဆိုသည်ကား...ဗြဟ္မာပြည် နှစ်ဆယ်သည်အထက်သံသရာမည်၏။သံသရာကို သိရှိလေ့လာဖိုလိုသလိုသံသရာဝဋ် ၃ပါးတို့ကိုလည်း သိရှိလေ့လာဖို့ လိုပါတယ်။ဒီနေရာမှာအနည်းငယ် တင်ပြပါမည်။ သံသရာဝဋ်သုံးပါး(၁) ကိလေသ၀ဋ်(၂) ကမ္မ၀ဋ်(၃) ၀ိပါက၀ဋ်သံသရာတိုင်းတွင် သူနှင့် ဆက်နွယ်သော ၀ဋ်၃ပါးတို့သည် ရှိကြ၏။အောက်သံသရာဝဋ်၃ပါး အလယ်သံသရာဝဋ်၃ပါးအထက်သံသရာဝဋ်၃ပါး အောက်သံသရာ၏ဆိုင်ရာဝဋ် ၃-ပါး ၁။ကိလေသ၀ဋ်ဆိုသည်ကား။။ အတ္တဒိဋ္ဌိကြီးကိုဆိုသည်။ ၂။ကမ္မ၀ဋ်ဆိုသည်ကား။။ အကုသိုလ်ကံဟောင်းကံသစ်အနန္တကိုဆိုသည်။ ၃။ဝိပါက၀ဋ်ဆိုသည်ကား။။ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်ဟုဆိုအပ်သော အပါယ်လေးဘုံသားတို့၏ခန္ဓာကိုယ်တွေကို ဆိုလိုသည်။ အဘယ်ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာ၏ဆိုင်ရာကိလေသဋ်ဟူ၍ ဆိုသနည်းဟူမူကား။ ထိုအတ္တဒိဋ္ဌိရှိနေသောသူသည်လူ့ဘုံ လူ့ဘ၀မှာ ဖြစ်နေသော်လည်းအပါယ်ဘုံသို့ တလဲလဲသာ ကျရောက်ရ၏၊ထိုအတူ နတ်ဘုံ၊နတ်ဘ၀၊ဗြဟ္မာဘုံ ဗြဟ္မာဘ၀မှာဖြစ်နေသော်လည်း အပါယ်ဘုံသို့တလဲလဲသာကျရောက်ရ၏၊ထို့ကြောင့် အတ္တဒိဋ္ဌိကိုအပါယ်သံသရာ၏ဆိုင်ရာကိလေသ၀ဋ် ဆိုသတည်း။
အဘယ်ကြောင့် အကုသိုလ်ကံဟောင်းç ကံသစ်အနန္တကိုအပါယ်သံသရာ၏ဆိုင်ရာ ကမ္မ၀ဋ်ဟူ၍ဆိုသနည်းဟူမူကား-တစ်ယောက်သောသတ္တ၀ါ၏သန္တာန်မှာရှေးရှေးသော ဘ၀အနန္တတို့၌လည်းကောင်းç ယခုဘ၀၌လည်းကောင်းç အမိုက်အမှားဖြစ်ပွါးခဲ့၍ အတ္တဒိဋ္ဌိ၏သိမ်းပိုက်ချက်ဖြင့် အတ္တဒိဋ္ဌိ၏လက်ဆုပ် ထဲတွင်ယနေ့ထက်တိုင်ပါရှိ၍နေကြကုန်သော အပါယ်လားကြောင်းအကုသိုလ်ကံဟောင်း အနန္တတို့သည်လည်းရှိကုန်၏၊နောင် အတ္တဒိဋ္ဌိ ရှိနေသမျှကာလပတ်လုံးထိုအတ္တဒိဋ္ဌိမှ ဖြစ်ပွါးလတ္တံ့ကုန်သောအပါယ်လားကြောင်း အကုသိုလ်ကံသစ်ပေါင်းအနန္တသည် ကမ္မ၀ဋ်ဆိုသတည်း။
အလယ်သံသရာ၏ဆိုင်ရာဝဋ် ၃-ပါး ၁။ကိလေသ၀ဋ်ဆိုသည်ကား။။ကာမတဏှာကြီးကို ဆိုသည် ၂။ကမ္မ၀ဋ်ဆိုသည်ကား။။လူ့ချမ်းသာç နတ်ချမ်းသာက တောင့်တ၍ပြုအပ်သော ဒါနမှုç သီလမှုç ဘာဝနာမှုတို့ကို ဆိုသည်။ ၃။ဝိပါက၀ဋ်ဆိုသည်ကား။။လူ့ဘုံသားç နတ်ပြည်ခြောက်ထပ်နတ်ဘုံသားတို့၏ ခန္ဓာတို့ကိုဆိုသည်။
အဘယ်ကြောင့် ကာမတဏှာကြီးကို ကိလေသ၀ဋ်ဟူ၍ဆိုသနည်းဟူမူကား-ထိုကာမတဏှာနုသယကြီးရှိနေသောသူသည် အထက်ဘ၀ဂ်ဘုံမှာဖြစ်နေသော်လည်း အောက်လူ့ဘုံနတ်ဘုံသို့တလဲလဲသကျရောက်ရ၏၊ ထို့ကြောင့်ကာမတဏှာနုသယကြီးကိုအလယ သံသရာ၏ဆိုင်ရာ ကိလေသ၀ဋ် ဆိုသတည်း။ ကာမတဏှာကြီးဆိုသည်ကား-မျက်စိအရသာ အကောင်းကြိုက်။ နားအရသာအကောင်းကြိုက်။ နှာခေါင်းအရသာအကောင်းကြိုက်။ လျှာအရသာ အကောင်းကြိုက်။ ကိုယ်အင်္ဂါအရသာအကောင်းကြိုက်။ ဤအကောင်းကြိုက်မှုကြီးငါးပါးကို ကာမတဏှာ-ဟုဆိုသည်။ကာမဂုဏ်ငါးပါးတို့၌သာယာသော မက်မောမှုကြီးငါးပါးတို့ပေတည်း။
အထက်သံသရာ၏ဆိုင်ရာဝဋ်၃-ပါး ၁။ကိလေသ၀ဋ်ဆိုသည်ကား-ဘ၀တဏှာကြီးကိုဆိုသည်။ ၂။ကမ္မ၀ဋ်ဆိုသည်ကား-မဟဂ္ဂုတ်ကုသိုလ်ကိုးပါးကို ဆိုသည်။
၃။ဝိပါက၀ဋ်ဆိုသည်ကား- ရူပဗြဟ္မာ အရူပဗြဟ္မာတို့၏ ခန္ဓာကိုယ်ကိုဆိုသည်။
ဘ၀တဏှာဆိုသည်ကား။။ ဗြဟ္မာတို့၏သန္တာန်၌ရှိသောဈာန်အဘိညာဏ် သမာပတ်ဟုဆိုအပ်သော ကမ္မဘ၀၌ သာယာသောတဏှာတစ်ပါး၊ထိုကမ္မဘ၀၏အကျိုး တန်ခိုးဣဒ္ဓိပါဒ်တို့၌ သာယာသောတဏှာတစ်ပါး၊ ဤတဏှာနှစ်ပါးကို အထက်သံသရာ၏ ဆိုင်ရာတဏှာတစ်ပါး၊ဤတဏှာနှစ်ပါးကို အထက်သံသရာ၏ဆိုင်ရာကိလေသ၀ဋ်ဆို၏။
ကမ္မ၀ဋ်ဆိုသည်ကား။။ပထမဈာန်ကုသိုလ်ç ဒုတိယဈာန်ကုသိုလ်အစရှိသော ရူပကုသိုလ်ငါးပါး၊ အရူပကုသိုလ်လေးပါး၊ဤဟဂ္ဂုတ်ကုသိုလ်ကိုးပါးကို ကမ္မ၀ဋ်ဆို၏။
ထိုမှတဖန်သံသရာဝဋ်ဒုက္ခဆိုသည်ကိုလည်း လေ့လာ၊နားလည်ထားဖို့လိုပြန်ပါသေးတယ်။ သံသရာဝဋ်ဒုက္ခဆိုသည်ကား-၁။ ဇာတိဒုက္ခ။ ၂။ဇရာဒုက္ခ။ ၃။မရဏဒုက္ခ။ ၄။သောကဒုက္ခ။ ၅။ပရိဒေ၀ဒုက္ခ။ ၆။ဒုက္ခ-ဒုက္ခ။ ၇။ဒေါမနဿဒုက္ခ။ ၈။ဥပါယာသဒုက္ခ။ ၉။အပိယသမ္ပယောဂဒုက္ခ။ ၁၀။ပိယ၀ိပ္ပယောဂဒုက္ခ။ ၁၁။ဣစ္ဆာဝိဃာတဒုက္ခ။ ထိုဒုက္ခ၏အကျယ်ကိုမူကား။။ ဒုက္ခသစ္စာ မူလနိဒ္ဒေသတို့၌ကြည့်လေ။
ထိုသံသရာဝဋ်ဒုက္ခသည်လည်း။
အောက်သံသရာ၏ဆိုင်ရာသံသာရ၀ဋ်ဒုက္ခတစ်မျိုး။ အလယ်သံသရာ၏ဆိုင်ရာသံသာရ၀ဋ်ဒုက္ခတစ်မျိုး။
အထက်သံသရာ၏ဆိုင်ရာ သံသာရ၀ဋ်ဒုက္ခတစ်မျိုး။ ဟူ၍ထိုက်သည်အားလျော်စွာ သုံးမျိုးစီရှိကြ၏။ ဒီနေရာမှာစာဖတ်သူများ အမြင်ရှုပ်မည်စိုးရိမ်သောကြောင့် ဇယားလေးတစ်ခုဆွဲပေးပါမယ်။ဒါဆိုရင်တော့ အနည်းငယ် ပိုမိုရှင်းလင်းသွားမည်ဟု ယုံကြည်မိပါသောကြောင့်စာမျက်နှာထက်တွင်ပုံအား သီးခြားတင်ပေးပါမည်။ ဗုဒ္ဓဘာသာမှာ (၁)ပထမနိဗ္ဗာန် (၂)ဒုတိယနိဗ္ဗာန်(၃) တတိယနိဗ္ဗာန်ဟူ၍ ၃မျိုးရှိပါတယ်။ပထမနိဗ္ဗာန် ဆိုသည်ကားအပါယ်သံသရာ၏ဆိုင်ရာဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန်အကြွင်းအကျန်မရှိချုပ်ငြိမ်း ခြင်းကိုပထမနိဗ္ဗာန်ဆို၏။
ဒုတိယနိဗ္ဗာန်ဆိုသည်ကားလူ့ဘ၀၊နတ်ဘ၀ အဆက်ဆက်ဟု ဆိုအပ်သောအလယ်သံသရာ ၏ ဆိုင်ရာဝဋ်ဒုက္ခတို့၏နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ဒုတိယနိဗ္ဗာန်ဆို၏။တတိယနိဗ္ဗာန်ဆိုသည်ကားရူပ၊ အရူပ ဗြဟ္မာဘ၀အဆက်ဆက်ဟု ဆိုအပ်သော အထက်သံသရာ၏ဆိုင်ရာဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန်အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို တတိယနိဗ္ဗာန်ဆို၏။
ပထမနိဗ္ဗာန်
အတ္တဒိဋ္ဌိနှင့်တကွသော တဏှာကို အကြွင်းမဲ့ ပယ်သတ်အပ် သည်ရှိသော် အလုံးစုံသော ဒုစ္စရိုက်နှင့်တကွ အပါယ်ဘ၀တွေကို ပယ်သတ်ခြင်းကိစ္စပြီးစီးလေ၏၊ ထိုဒိဋ္ဌိသမ္ပယုတ်တဏှာကို ပယ်သတ် သည်ကအစပြု၍ ထိုပုဂ္ဂိုလ်သည်ဒုစ္စရိုတ်ဘေး၊ အပါယ်ဘေးတို့မှ ကျွတ်လွတ်လေ၏၊ဤဘေးကြီးနှစ်ပါးမှကျွတ်လွတ် ငြိမ်းအေးမှု ကြီးကိုပင် ဗုဒ္ဓဘာသာသာသနာတော်၌ သဥပါဒိသေသ အသင်္ခတပထမ မဟာနိဗ္ဗာန်ကြီးဟူ၍ ဆိုအပ်ပေသည်၊ ဤပထမနိဗ္ဗာန်ကြီးသည် ပထမအရိယာ သောတာပန်ပုဂ္ဂိုလ်၊ဒုတိယအရိယာ သကဒါဂါမ်ပုဂ္ဂိုလ် ခံစားအပ်သော နိဗ္ဗာန်ကြီးပေတည်း။ မိမိခန္ဓာ၌ အနတ္တဥာဏ်အမြင်ပေါက်ရောက်၍ အတ္တဒိဋ္ဌိ အကြွင်းအကျန်မရှိချုပ်ငြိမ်းပြီးသောသူသည် ခပ်သိမ်းသောဒိဋ္ဌိ အမှောက်အမှားတို့မှလည်းကျွတ်လွတ်ကြလေ၏၊ ခပ်သိမ်းသော အပါယ်လားကြောင်းမကောင်းမှုကံဟောင်း၊ မကောင်းမှု ကံသစ် တို့မှလည်းကျွတ်လွတ်ကြလေ၏၊ နောင်အပါယ်သံသရာ၌ ဖြစ်လတ္တံ သောအပါယ်ခန္ဓာ၊အပါယ်ဘ၀အနန္တတို့မှလည်း အတ္တဒိဋ္ဌိ ကျွတ် လွတ်သည်နှင့်တစ်ပြိုင်နက်အကြွင်းအကျန်မရှိ ကျွတ်လွတ် ကြလေ၏၊ ထိုသူများ၏ခန္ဓာအစဉ်မှာအပါယ်ဘုံ အပါယ်ဘ၀၊ အောက်ဘုံ အောက်ဘ၀သို့ လျောကျမြဲဓမ္မတာ လမ်းကြီးသည်လည်းပျောက်ကွယ် လေ၏၊မိမိအလိုရှိရာသုဂတိဘုံဘ၀မြင့်သည် ထက်မြင့်ရာဘ၀ အဆက်ဆက်သို့ ဆန်တက်ခြင်းဟူသော ဓမ္မတာ လမ်းသစ်ကြီးတစ်ခုသည်သာ တည်ရှိလေ၏။
လူ့ဘုံလူ့ဘ၀တွင်လည်းသီလသိက္ခာ အလိမ္မာယုတ်ညံ့သော လူ့ဘ၀စည်းစိမ်ချမ်းသာကိုယ်အင်္ဂါယုတ်ညံ့သော လူ့ဘ၀တို့မှလည်း ကျွတ်လွတ်လေ၏၊သီလသိက္ခာ အလိမ္မာကြီးမြတ်သော လူ့ဘ၀၊ စည်းစိမ်ချမ်းသာကိုယ်အင်္ဂါမြင့်မြတ်သော လူ့ဘ၀၌သာဖြစ်ရလေ၏၊ နတ်ဘုံနတ်ဘ၀တို့၌လည်းထိုအတူပင်တည်း။ ထိုပထမနိဗ္ဗာန်၌တည်သော သူသည်ပုထုဇ္ဇန်အဖြစ်မှ ကျွတ် လွတ်၍အရိယာအဖြစ်၌တည်လေ၏၊ လောကီဘုံသားအဖြစ်မှ ကျွတ်လွတ်၍ လောကုတ္တရာဘုံသားအဖြစ်၌ တည်လေ၏၊ပထမ နိဗ္ဗာန်ဘုံသားအဖြစ်၌တည်လေ၏၊ထိုသူသည် လူ့ဘုံçနတ်ဘုံ၊ ဗြဟ္မာဘုံတို့၌ဘ၀များစွာ၊ကမ္ဘာများစွာသံသရာ၌ ကျင်လည်ရငြားသော် လည်းသံသရာအလျဉ်၌မြုပ်သောသွားခြင်း၊ မျောသောသွားခြင်းဟူ၍ မရှိလေပြီ၊အတ္တဒိဋ္ဌိရှိနေကြသောသူတို့၏သံသရာ၌ ကျင်လည်ခြင်းသည် မြစ်ရေအယဉ်၌ ကျရောက် ခြောက်သွေ့သော သစ်တုံးကဲ့သို့မြုပ်သော ကျင်လည်ခြင်း၊မျောသော ကျင်လည်ခြင်းဖြစ်လေ၏၊ အတ္တဒိဋ္ဌိ အကြွင်းအကျန်မရှိ၊ကျွတ်လွတ်ကြကုန်သော သူတို့၏ ကျင်လည်ခြင်းမှာ မူကား၊မြုပ်သောကျင်လည်ခြင်း၊မျောသော ကျင်လည်ခြင်းလည်းမဟုတ်၊ မြစ်ရိုးမြစ်စဉ် တစ်လျှောက်၌ သင်္ဘောကြီးငယ်တို့သည်အလိုရှိရာ မြစ်စဉ်တစ်လျှောက်သွားလာ၍နေကြဘိသကဲ့သို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘ၀တစ်လျှောက်သို့သွားလာ၍ သာနေကြကုန်၏၊ဖြစ်လေ ရာဘုံဘ၀၌လည်းလောကီချမ်းသာç လောကုတ္တရာ ချမ်းသာနှစ်ပါးကို အစုံခံစားရလေ၏၊လူဖြစ်သောဘ၀၌လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟုဆိုအပ်သော ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရလေ၏၊ထိုတွင်လူ့ချမ်းသာကိုခံစားမှုကား၊ထင်ရှားသိသာပြီ၊နိဗ္ဗာန်ချမ်းသာကိုအဘယ့်သို့ ခံစားသနည်းဟူမူကား။
နိဗ္ဗာန်ချမ်းသာ ခံစားပုံ ဒုစ္စရိုတ်မှုကို ပြုကျင့်၍နေသောသူများကို မြင်ရကြားရသည် ရှိသော် ဤသူများသည်ဒုစ္စရိုက်အမှုကို ပြုကြပေ၏၊ အပါယ်သို့ ကျရှာကြရလိမ့်မည်၊ငါ့မှာဤကဲ့သို့သောဒုစ္စရိုက်မှ ဘ၀အဆက်ဆက် လွတ်ငြိမ်းပေပြီဟု ၀မ်းမြောက်ခြင်းကြီးစွာ ဖြစ်ရလေ၏၊ခွေးç ၀က်ç ကြက်ç ငှက် အစရှိသော အပါယ်ဘုံသားသတ္တ၀ါများကို တွေ့မြင်ရာ၌ဤ သတ္တ၀ါများသည် ဆင်းရဲတွင်းကြီးနက်နဲလေစွ၊ငါ့မှာ-ဤကဲ့သို့ သော အပါယ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းပေပြီ-ဟု ၀မ်းမြောက်ခြင်းကြီးစွာ ဖြစ်ရလေ၏။။ဤကားနိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း။ ဤ၌ လောကီချမ်းသာမှာ မျက်မြင်ဒိဋ္ဌဖြစ်ကြ၍ အလွန်ကြီးကျယ် ကောင်းမြတ်သည်ဟုထင်ကြတတ်၏၊ နိဗ္ဗာန်ချမ်းသာမှာလွတ်ငြိမ်းမှုဖြစ်၍ အထည်ဝတ္ထုကိုမမြင်ရသောကြောင့်ကြီးမြတ် သည်ဟုမထင်တတ်ကြ၊ ထိုသို့ကားမဟုတ်၊လောကီချမ်းသာတို့ထက် လွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာသည်ကြီးကျယ်မြင့်မြတ်၏၊ လေးကျွန်းလုံးကို အစိုးရသော စကြာမန္ဓာတ်မင်းတို့၏စည်းစိမ် ချမ်းသာထက် ငရဲဘ၀မှအစဉ်ထာဝရ လွတ်ငြိမ်းမှုသည်အဆသိန်းသန်းကုဋေ မရေတွက်နိုင်အောင်ကြီးမြတ်၏၊ ထို့အတူနတ်မင်းကြီးç သိကြားမင်းကြီးç ဗြဟ္မာမင်းကြီးတို့၏လောကီ စည်းစိမ်ချမ်းသာထက်အဆသိန်းသန်းကုဋေ မရေတွက်နိုင်အောင် ကြီးမြတ်၏၊မြတ်စွာဘုရားသာသနာတော်ကြီးကို တွေ့ကြုံလိုသည်ဟု
လွန်မင်းစွာတောင့်တကြရာ၌ လောကီချမ်းသာအတွက်နှင့် တောင့်တကြရသည်မဟုတ်၊ဤလွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာ အတွက်နှင့်သာ တောင့်တကြရကုန်၏။ ဤကား-ပထမနိဗ္ဗာန်ဘုံသူ၊ပထမနိဗ္ဗာန်ဘုံသားတို့၏ ပထမ နိဗ္ဗာန်ချမ်းသာကိုခံစားရပုံတည်း။ ပထမနိဗ္ဗာန်ပြီး၏။
လယ်တီဆရာတော်ဘု၇ားကြီ။ဟောကြားတော်မူသော ပထမမဟာနိဗ္ဗာန်
ဗဟုသုတ စာပေ
mrcopy2110.blogspot.com
Posted via Blogaway
No comments:
Post a Comment